
ပုံစာ – ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ရှောင်စခန်းတစ်ခုသို့ စစ်ရှောင်ပြည်သူများ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရောက်ရှိလာစဥ်။
_
By – People’s Radio Myanmar
Date – 22 August 2024
မြန်မာနိုင်ငံတဝှမ်းလုံးတွင် ခန့်မှန်းခြေအားဖြင့် နေရပ်စွန့် ခွာထွက်ပြေးနေကြရသူအရေအတွက် ၃ သန်းနီးပါးရှိလာပြီဖြစ်ပြီး မုတ်သုံရာသီချိန်လည်းဖြစ်သောကြောင့် ဒုက္ခ သည်အများစုမှာ အမိုးအကာမလုံလောက်မှုများ ရင်ဆိုင်နေရသည်ဟု UNOCHA – Myanmar ၏ထုတ်ပြန်ချက်အရသိရသည်။
နိုင်ငံအနှံ့အပြား ပဋိပက္ခများဆက်လက်ပျံ့နှံ့နေပြီး ရှမ်း ပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင် ပြည်နယ်တို့တွင်လည်း အခြေအနေများဆက်လက်ဆိုး ရွားနေကာ ယင်းအခြေအနေများက ရွှေ့ပြောင်းလှိုင်းသစ် ကို မောင်းနှင်လျက်ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သောဇွန်လနှောင်းပိုင်းကစ၍ မြန်မာနိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသ ကြီးအများအပြားတို့တွင် ရေနစ်မြုပ်မှုများဖြစ်ပွားခဲ့ သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်များ ပိုမိုဆိုးရွားလာခဲ့ကာ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၃၉၃,၀၀၀ ဦး ထိခိုက်နစ်နာခဲ့ရသည်ဟု သိရသည်။
လက်ရှိဖြစ်ပေါ်နေသောအကြပ်အတည်းများကြောင့် လူသန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသလို မုတ်သုံရာသီ
အတွက် အမိုးအကာများရရှိနိုင်ရန်ရုန်းကန်နေရသည်ဟု လည်း UNOCHA ကဆိုသည်။
ရခိုင်ပြည်နယ်တွင် ပဋိပက္ခများပိုမိုပြင်းထန်လာကာ မောင်တောမြို့နယ်တိုက်ပွဲအတွင်း လူသေဆုံးမှုများပြား ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော်ခိုးဝင်သူအရေအတွက်မြင့်တက်လာခဲ့သည်ဟုလည်း
သတင်းများကဆိုသည်။
ပြီးခဲ့သောဇွန်လနှောင်းပိုင်းကစ၍ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့သောကြောင့် လားရှိုးမြို့နယ်အပါအဝင် မြို့ ၄ မြို့က အရပ်သားပေါင်း ၃၃,၀၀၀ ဝန်းကျင် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အရပ်သားသေ ဆုံးမှုနှင့် လူနေအိမ်စသည့် အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ရသည်။
မန္တလေးတိုင်းဒေသကြီးတွင်လည်း ပဋိပက္ခများပိုမိုပြင်း ထန်လာနေသည်ကိုမြင်တွေ့နေရပြီး မန္တလေးမြို့ မြောက်ဘက်ရှိမြို့နယ်များက ဒေသခံထောင်ချီ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု UNOCHA က သတင်းထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများတိုးပွားလာခြင်း၊ဆက် သွယ်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုများ အဆင်မပြေခြင်း၊ ငွေကြေးမလုံလောက်ခြင်း၊ လက်နက်ကိုင်အ ဖွဲ့အစည်းအသီးသီးကချမှတ်ထားသော ကန့်သတ်ချက်များနှင့် ကြီးမားသောခြိမ်းခြောက်မှုများကြားကပင် ပဋိ ပက္ခဒဏ်ခံစားနေရသူများအတွက် လိုအပ်သောလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးနိုင်
ရန် ဆက်လက်လုပ်ဆောင်နေသည်ဟုလည်း UNOCHA ကဆိုသည်။
၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း နိုင်ငံတစ်ဝှမ်းရှိ လူပေါင်း ၂ ဒဿမ ၁ သန်းသည် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကူအညီများ လက်ခံရရှိခဲ့ကြသည်ဟု သိရသည်။
သည်။
ဓာတ်ပုံ – AFP