ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့

စက်တင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ် CDM ပညာရေးဝန်ထမ်းများနဲ့ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ ယနေ့(စက်တင်ဘာ ၆ ရက်)မှာ တနှစ်ပြည့်မြောက်ခဲ့ကြောင်း သိရှိရပါတယ်။ တနှစ်ပြည့်အထိမ်းအမှတ်ကို ဒီးမော့ဆိုမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနာကို ကျေးရွာအုပ်စုအသီးသီးက CDM ဆရာဆရာမများ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါတယ်။ ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်မှုကို ခံယူပြီး ၂၀၂၁ ခုနစ် ဩဂုတ်လအတွင်း CDM ဆရာဆရာမများ၊ ကျောင်းသူ/ကျောင်းသား ကိုယ်စားလှယ်များ နဲ့ ရပ်ရွာကိုယ်စားလှယ်များ စုစုပေါင်း ၂၅ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ ဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။… Continue reading ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့

ငွေတောင်ရွာသစ်က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်

စက်တင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ် ငွေတောင်ရွာသစ်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ DMO PDF ၊ KRU ၊ အလယ်ပိုင်းတိုင်း ၁၁၀၆ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၃ ရက်၊ ၄ ရက် နဲ့ ၅ ရက်တို့မှာ တိုက်ပွဲများ ပြင်းထန်ခဲ့ပါတယ်။ အဆိုပါ သုံးရက်တာအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ DMO PDF က တိုက်ပွဲသတင်း ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၃ ရက် နဲ့ ၄ ရက်တို့မှာ ငွေတောင်ရွာသစ်ကျေးရွာကနေ ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ ယာဥ်တန်းကို DMO PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစီး မြောင်းထဲထိုးကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။… Continue reading ငွေတောင်ရွာသစ်က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်

ကရင်နီဒေသရဲ့ စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ်တခုဖြစ်တဲ့ ဒီးကူပွဲတော်ကို မနုမနောလူမျိုးစုများ ပြုလုပ်ကျင်းပခဲ့။

စက်တင်ဘာလ (၅) ရက်၊ ၂၀၂၂ ခုနှစ် ကရင်နီပြည် ဘောလခဲဒေသတဝိုက်မှာ အခြေချနေထိုင်ကြတဲ့ မနုမနော လူမျိုးစုတို့ရဲ့ “မနုမနော ရိုးရာဒေကွတ်ပွဲ” ကို လူမျိုးစု အကြီးအကဲများ၊ ကျေးရွာအုပ်စု အသီးသီးက ဒေသခံများနဲ့ စစ်ရှောင်များ ပူးပေါင်းပြီး စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ပွဲတော် ၂ ရက်တာကာလအတွင်း မနုမနောလူမျိုးစုသမိုင်းကြောင်း၊ ဒီးကူပွဲတော် ဖြစ်လာရပုံအကြောင်းများ ရှင်းလင်းပြောပြခြင်းတို့အပြင် ရိုးရာဝတ်စုံ ပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ များလည်း ပါဝင်ခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ယှဥ်ပြိုင်ခဲ့ကြပါတယ်။ ရိုးရာအကများအတွင်း ရှေးဘိုးဘွားတို့ ရန်သူကို ခုခံခဲ့ပုံကို ပြန်လည်ဆန်းသစ် တင်ဆက်ထားတဲ့ “ဓားလွှားအက” က ပထမဆု ရရှိခဲ့ပါတယ်။ ယွန်းစစ်သည်များ ကရင်နီဒေသကို ကျူးကျော်လာစဥ်အချိန်က လူမျိုးစု… Continue reading ကရင်နီဒေသရဲ့ စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ်တခုဖြစ်တဲ့ ဒီးကူပွဲတော်ကို မနုမနောလူမျိုးစုများ ပြုလုပ်ကျင်းပခဲ့။

မလေးရှားသမ္မတကတော်ဟောင်းကို လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဩဂုတ်လ (၃) ရက်၊ ၂၀၂၂ ခုနှစ် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူ ရိုဆမာမန်ဆာဟာ အစိုးရစာချုပ်တွေ လဲလှယ်တာနဲ့ လာဘ်ငွေရယူခဲ့တာကြောင့် အကျင့်ပျက်ခြစားမှုနဲ့ မလေးရှားတရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အသက် ၇၀ နှစ်အရွယ် ရိုဆမာဟာ သူရဲ့ခင်ပွန်း နာဂျစ် အာဏာရလာချိန်အတွင်း အစိုးရရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်းအတွက် လာဘ်ငွေတောင်းယူမှု သုံးခုအတွက် အမိန့် ချမှတ်လိုက်တာပါ။ ရိုဆမာဟာ စီမံကိန်းလုပ်ကိုင်ခွင့် ရှရိခဲ့တဲ့ ကုမ္ပဏီဆီတွေဆီက စုစုပေါင်း ရင်းဂစ် ၁၉၄ သန်း တောင်းခံခဲ့တယ်လို့ အစိုးရရှေ့နေတစ်ဦးက ဆိုပါတယ်။ ရိုဆမာကတော့ ဒီအမှုတွေအတွက် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး အထက်တရားရုံးဆီ အယူခံဝင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။ ရိုဆမာရဲ့ ခင်ပွန်း… Continue reading မလေးရှားသမ္မတကတော်ဟောင်းကို လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ကိုယ်ထူကိုယ်ထကျောင်းက ကျောင်းသားများအတွက် ဘတ်စကတ်ဘောပြိုင်ပွဲ ပြုလုပ်

စက်တင်ဘာလ (၂) ရက်၊ ၂၀၂၂ ခုနှစ် ကရင်နီ​ပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းက ကိုယ်ထူကိုယ်ထကျောင်းတခုမှာ အလယ်တန်းနဲ့ အထက်တန်းကျောင်းသားများ ပါဝင်တဲ့ ဘတ်စကတ်ဘောပြိုင်ပွဲကို ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့နဲ့ ဒေသခံများ ပူးပေါင်း ပြုလုပ်ခဲ့ပါတယ်။ “ပြိုင်ပွဲလုပ်ဖြစ်တာက တကယ်တော့ ဒါက အထူးတလှယ်မဟုတ်ဖူးပေါ့၊ ကျမတို့ ကျောင်းမှာ ကာယအချိန်ဆိုတာ ရှိတယ်လေ၊ ကလေးတွေထဲမှာကလည်း ကိုယ့်ဝါသနာနဲ့ ကိုယ်ရှိကြတယ်၊ ဘောလုံး၊ ဘောလီဘော၊ ခြင်းလုံး၊ ပန်းချီ စသည်ဖြင့်ပေါ့၊ အခု ဒီဘတ်စကတ်ဘောကို ဝါသနာပါတဲ့ ကလေးတွေလည်း များတယ်ဆိုတော့ ဒီပြိုင်ပွဲကို လုပ်ပေးဖြစ်တာပါ၊” လို့ ဒီးမော့ဆိုပညာရေးဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူ ဆရာမတဦးက Karenni’s Voice ကို ပြောပြပါတယ်။ ပြိုင်ပွဲကို ဩဂုတ် ၃၀ ကနေ စက်တင်ဘာ ၁ ရက်နေ့ထိ ၃… Continue reading ကိုယ်ထူကိုယ်ထကျောင်းက ကျောင်းသားများအတွက် ဘတ်စကတ်ဘောပြိုင်ပွဲ ပြုလုပ်

မြောက်ကိုရီးယားနိုင်ငံက ရုရှား သိမ်းပိုက်ထားတဲ့ ဒွန်ဘတ်ဒေသကို လုပ်သား စေလွှတ်ဖို့ စီစဥ်နေ

စက်တင်ဘာလ (၂) ရက်၊ ၂၀၂၂ ခုနှစ် ရုရှား သိမ်းပိုက်ထားတဲ့ ယူကရိန်း နယ်မြေ ဒွန်ဘတ်ဒေသ ပြန်လည်တည်ဆောက်ရာမှာ ကူညီဖို့အတွက် မြောက်ကိုရီးယားနိုင်ငံက ဆောက်လုပ်ရေးလုပ်သားတွေ စေလွှတ်ဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ယူကရိန်းနိုင်ငံ ဒွန်ဘတ်ဒေသရှိ ရုရှား ကျောထောက်နောက်ခံပြု ခွဲထွက်ရေးနယ်မြေမှာ မော်စကိုနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ဟာ သံတမန်များနဲ့ တွေ့ဆုံခဲ့စဥ် ပြောဆိုခဲ့တာပါ။ မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ ဇူလိုင်လက စတင်ပြီး ရုရှားနဲ့ နီးနီးကပ်ကပ် ဆက်ဆံရေးကို တိုးမြှင့်လုပ်ဆောင်လာသလို ယူကရိန်အရေးနဲ့ ပတ်သတ်ပြီး ဆွေးနွေးပွဲတွေလည်း ပိုမိုဆောင်ရွက်လာပါတယ်။ ဒွန်ဘတ်စ်ဒေသမှာ မြောက်ကိုရီးယားလုပ်သားတွေ အလုပ်အကိုင်ရရှိမှုကြောင့် နျူကလီးယား လက်နက်ဖျက်သိမ်းရေးအတွက် အမေရိကန်ဦးဆောင်သော နိုင်ငံတကာရဲ့ ပတ်ဆို့အရေးယူမှုတွေကို ပိုပြီး ရှုပ်ထွေးစေကြောင်း သိရပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင်ဟာ နိုင်ငံတကာရဲ့ နှစ်ပေါင်းများစွာ ပိတ်ဆို့အရေးယူမှုတွေကြောင့် ဒုံးကျည် စမ်းသပ်မှုတွေ… Continue reading မြောက်ကိုရီးယားနိုင်ငံက ရုရှား သိမ်းပိုက်ထားတဲ့ ဒွန်ဘတ်ဒေသကို လုပ်သား စေလွှတ်ဖို့ စီစဥ်နေ

မွန်ပြည်နယ်ရှိ ရွှေဆိုင်များထံ အမည်မသိအဖွဲများက ခြိမ်းခြောက်ငွေတောင်းခံနေ၊ ဆိုင်ကယ်အပါအဝင် အဖိုးတန်ပစ္စည်းများ လုယက်၊ ခိုးယူခံရမှုများ ပေါများလာနေ

ော်လမြိုင်၊ ဩဂုတ် (၂၆) မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်မြိုင်ရှိ ရွှေဆိုင်များထံ ယခုရက်ပိုင်းအတွင်း စာဖြင့်တနည်း၊ ဖုန်းဖြင့်တမျိုး ခြိမ်းခြောက်ငွေတောင်ခံမှုများ ကြုံနေရကြောင်း သိရှိရသည်။ “ဖုန်းဆက်လာတယ် သူတိုလိုချင်တဲ့ ပမာဏအတိုင်း ပေးပါပေါ့။ မပေးရင် ဆိုင်ကို ဗုံးလာခွဲမယ်ဆိုပြီးပြောလို အဲ့နေ့က ဆိုင်အစောကြီးပိတ်ပြီး သူတိုပြန်သွားရတယ်” လို မော်လမြိုင်မြိုပေါ်က ရွှေဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတဦး၏ ပြောပြချက်အရ သိရှိရသည်။ အလားတူ သံဖြူဇရပ်မြိုရှိ ရွှေဆိုင်တခုကိုလည်း အမည်မသိအဖွဲအစည်းတခုက စာဖြင့်ရေးသားခြိမ်းခြောက်ငွေတောင်းခံသောကြောင့် ရက်အတော်တန်ကြာ ဆိုင်ပိတ်ထားရကြောင်းလည်း သိရှိရသည်။ အဆိုပါ ခြိမ်းခြောက်ခံရသည့်သူများအနေဖြင့် ပြင်ပသို သတင်းပေါက်ကြားခြင်းမရှိစေရန်လည်း ထပ်မံခြိမ်းခြောက်ခံထားရပြီး ပြည်သူများအကြား သတင်းများဖုံးလျက်ရှိကြောင်း သိရှိရသည်။ ရေးမြိုနယ်တွင်လည်း မကြာခဏဆိုသလို ဓားပြမှုများ၊ လမ်းသွားလမ်းလာများအား လုယက်မှုများ ဖြစ်ပေါ်နေပြီး ခြိမ်းခြောက်ခံရမှုကြောင့် သတင်းဌာနများသို သတင်းမရောက်ရှိဘဲ… Continue reading မွန်ပြည်နယ်ရှိ ရွှေဆိုင်များထံ အမည်မသိအဖွဲများက ခြိမ်းခြောက်ငွေတောင်းခံနေ၊ ဆိုင်ကယ်အပါအဝင် အဖိုးတန်ပစ္စည်းများ လုယက်၊ ခိုးယူခံရမှုများ ပေါများလာနေ

ပြည်သူ့ဘက်ရပ်တည်လာသည့် တပ်မတော်သားများကို အခမ်းအနားဖြင့် ဂုဏ်ပြုငွေများချီးမြင့်

ဩဂုတ် (၂၈) ရက်၊ ၂၀၂၂ ခုနှစ်၊ သထုံ ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) ထိန်းချုပ်ဒေသတွင် ရှေ့တန်းစစ်မြေပြင်မှ တော်လှန်ရေးမဟာမိတ်အဖွဲများသို ပူးပေါင်းဝင်ရောက်လာသည့် တပ်မတော်သားများကို မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုများက ပထမဆုံးအကြိမ်အဖြစ် အခမ်းအနားဖြင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီမှဦးစီး၍ ရှေ့တန်းစစ်ပြေပြင်မှ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအား ပထမအကြိမ် ကြိုဆိုဂုဏ်ပြုပွဲကို ကေအဲန်ယူ၊ သထုံခရိုင်၊ တပ်မဟာ (၁) အတွင်း၌ သြဂုတ်လ (၂၈) ရက်နေ့တွင်ကျင်းပပြုလုပ်ပေးခဲ့သည်။ ကေအဲန်ယူ-သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဌမှ အဖွင့်အမှာစကားပြောကြားရာတွင် လာရောက်ပူးပေါင်းသည့်အတွက် ဝမ်းသာဂုဏ်ယူ အသိအမှတ်ပြုကြောင်း၊ လာရောက်ပူးပေါင်းသော ပြည်သူ့တပ်မတော်သားများအနေဖြင့် မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုနှင့် ပူးပေါင်းကာ အာဏာရှင်များကို ပြန်လည်တော်လှန်လိုပါက တော်လှန်နိုင်ပြီး ပူးပေါင်းတော်လှန်ရန် အခက်အခဲရှိလျှင်လည်း ဘေးကင်းလုံခြုံစွာ လုပ်ကိုင်စားသောက်ရန်… Continue reading ပြည်သူ့ဘက်ရပ်တည်လာသည့် တပ်မတော်သားများကို အခမ်းအနားဖြင့် ဂုဏ်ပြုငွေများချီးမြင့်

Coming soon…

We will be publishing some writing soon. Watch this page for the launch!