Writing

ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့

စက်တင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ် CDM ပညာရေးဝန်ထမ်းများနဲ့ ဖွဲ့စည်းထားတဲ့ ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ဟာ ယနေ့(စက်တင်ဘာ ၆ ရက်)မှာ တနှစ်ပြည့်မြောက်ခဲ့ကြောင်း သိရှိရပါတယ်။ တနှစ်ပြည့်အထိမ်းအမှတ်ကို ဒီးမော့ဆိုမြို့နယ်တနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနာကို ကျေးရွာအုပ်စုအသီးသီးက CDM ဆရာဆရာမများ၊ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ KSCC မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြပါတယ်။ ဒီးမော့ဆိုမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လမ်းညွှန်မှုကို ခံယူပြီး ၂၀၂၁ ခုနစ် ဩဂုတ်လအတွင်း CDM ဆရာဆရာမများ၊ ကျောင်းသူ/ကျောင်းသား ကိုယ်စားလှယ်များ နဲ့ ရပ်ရွာကိုယ်စားလှယ်များ စုစုပေါင်း ၂၅ ဦး နဲ့ စတင်ဖွဲ့စည်းခဲ့တယ်လို့ ဘုတ်အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက Karenni’s Voice ကို ပြောပြပါတယ်။… Continue reading ဒီးမော့ဆိုမြို့နယ် ပညာရေးဘုတ်အဖွဲ့ တည်ထောင်ခြင်း တနှစ်ပြည့်အခမ်းအနား ပြုလုပ်ခဲ့

ငွေတောင်ရွာသစ်က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်

စက်တင်ဘာလ (၆) ရက်၊ ၂၀၂၂ ခုနှစ် ငွေတောင်ရွာသစ်ကျေးရွာက စစ်ကောင်စီတပ်ဖွဲ့နဲ့ DMO PDF ၊ KRU ၊ အလယ်ပိုင်းတိုင်း ၁၁၀၆ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့ စက်တင်ဘာ ၃ ရက်၊ ၄ ရက် နဲ့ ၅ ရက်တို့မှာ တိုက်ပွဲများ ပြင်းထန်ခဲ့ပါတယ်။ အဆိုပါ သုံးရက်တာအတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွားခဲ့တယ်လို့ DMO PDF က တိုက်ပွဲသတင်း ထုတ်ပြန်ထားပါတယ်။ စက်တင်ဘာ ၃ ရက် နဲ့ ၄ ရက်တို့မှာ ငွေတောင်ရွာသစ်ကျေးရွာကနေ ဒီးမော့ဆိုဘက်ကို စစ်ကြောင်းထိုးလာတဲ့ ယာဥ်တန်းကို DMO PDF နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကားတစီး မြောင်းထဲထိုးကျ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။… Continue reading ငွေတောင်ရွာသစ်က ထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်

ကရင်နီဒေသရဲ့ စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ်တခုဖြစ်တဲ့ ဒီးကူပွဲတော်ကို မနုမနောလူမျိုးစုများ ပြုလုပ်ကျင်းပခဲ့။

စက်တင်ဘာလ (၅) ရက်၊ ၂၀၂၂ ခုနှစ် ကရင်နီပြည် ဘောလခဲဒေသတဝိုက်မှာ အခြေချနေထိုင်ကြတဲ့ မနုမနော လူမျိုးစုတို့ရဲ့ “မနုမနော ရိုးရာဒေကွတ်ပွဲ” ကို လူမျိုးစု အကြီးအကဲများ၊ ကျေးရွာအုပ်စု အသီးသီးက ဒေသခံများနဲ့ စစ်ရှောင်များ ပူးပေါင်းပြီး စက်တင်ဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ ပွဲတော် ၂ ရက်တာကာလအတွင်း မနုမနောလူမျိုးစုသမိုင်းကြောင်း၊ ဒီးကူပွဲတော် ဖြစ်လာရပုံအကြောင်းများ ရှင်းလင်းပြောပြခြင်းတို့အပြင် ရိုးရာဝတ်စုံ ပြိုင်ပွဲ၊ ရိုးရာအကပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲ များလည်း ပါဝင်ခဲ့ပြီး ကျေးရွာအုပ်စုအလိုက် ယှဥ်ပြိုင်ခဲ့ကြပါတယ်။ ရိုးရာအကများအတွင်း ရှေးဘိုးဘွားတို့ ရန်သူကို ခုခံခဲ့ပုံကို ပြန်လည်ဆန်းသစ် တင်ဆက်ထားတဲ့ “ဓားလွှားအက” က ပထမဆု ရရှိခဲ့ပါတယ်။ ယွန်းစစ်သည်များ ကရင်နီဒေသကို ကျူးကျော်လာစဥ်အချိန်က လူမျိုးစု… Continue reading ကရင်နီဒေသရဲ့ စစ်ပွဲအောင်နိုင်မှု အထိမ်းအမှတ်တခုဖြစ်တဲ့ ဒီးကူပွဲတော်ကို မနုမနောလူမျိုးစုများ ပြုလုပ်ကျင်းပခဲ့။

မလေးရှားသမ္မတကတော်ဟောင်းကို လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

ဩဂုတ်လ (၃) ရက်၊ ၂၀၂၂ ခုနှစ် ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူ ရိုဆမာမန်ဆာဟာ အစိုးရစာချုပ်တွေ လဲလှယ်တာနဲ့ လာဘ်ငွေရယူခဲ့တာကြောင့် အကျင့်ပျက်ခြစားမှုနဲ့ မလေးရှားတရားရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ပါတယ်။ အသက် ၇၀ နှစ်အရွယ် ရိုဆမာဟာ သူရဲ့ခင်ပွန်း နာဂျစ် အာဏာရလာချိန်အတွင်း အစိုးရရဲ့ စီမံကိန်းတစ်ခုဖြစ်တဲ့ နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးရေးစီမံကိန်းအတွက် လာဘ်ငွေတောင်းယူမှု သုံးခုအတွက် အမိန့် ချမှတ်လိုက်တာပါ။ ရိုဆမာဟာ စီမံကိန်းလုပ်ကိုင်ခွင့် ရှရိခဲ့တဲ့ ကုမ္ပဏီဆီတွေဆီက စုစုပေါင်း ရင်းဂစ် ၁၉၄ သန်း တောင်းခံခဲ့တယ်လို့ အစိုးရရှေ့နေတစ်ဦးက ဆိုပါတယ်။ ရိုဆမာကတော့ ဒီအမှုတွေအတွက် အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး အထက်တရားရုံးဆီ အယူခံဝင်ဖို့ ဆောင်ရွက်နေကြောင်း သိရပါတယ်။ ရိုဆမာရဲ့ ခင်ပွန်း… Continue reading မလေးရှားသမ္မတကတော်ဟောင်းကို လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရ

Loading…

Something went wrong. Please refresh the page and/or try again.