နိုဝင်ဘာလ ၂၁ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တောင်ကလေးကျေးရွာကနေအိမ်တစ်ချို့ကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက်တာတွေပြုလုပ်နေပြီး စစ်ကောင်စီတပ်ကလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် သေဆုံးတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
နိုဝင်ဘာလ(၂၀)ရက်နေ့ မနက်(၉)နာရီဝန်းကျင်အချိန်မှာ တောင်ကလေးရဲစခန်းအနီးပိတ်ထား တဲ့ လမ်းပိုင်းကိုဖြတ်သွားတဲ့သူနှစ်ဦးကို စစ်ကောင်စီတပ်သားတွေကသေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် တစ်ဦးမှာသေဆုံးကာ နောက်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး တောင်ကလေးရွာ အရှေ့ပိုင်းက နေအိမ်အများစုကိုလည်း ဝင်ရောက်မွှေနှောက်ထားတယ်လို့ မျက်မြင်တွေ့ရှိသူကျေးရွာသားတစ်ဦးက ပြောပါတယ်။
“ ရွာမှာကမအေးဆေးဘူး စစ်သားတွေကအရှေ့တစ်ပိုင်းကိုဝင်နေနေတာ အိမ်တွေလည် ဖောက်ထားတယ်မနက်(၉)နာရီခွဲတုန်းကလည်းလမ်းမှာပစ်ခတ်မှုဖြစ်တယ် မွန်ရုံးကိုဘက်ကို သွားမဲ့လူတွေနဲ့ လမ်းပိတ်ထားတဲ့စစ်သားတွေစကားများပြီးစစ်သားတွေထပစ်တာတစ် ယောက်ကသေပြီး တစ်ယာက်ကလယ်တောဘက်ထွက်ပြေးသွားတယ်ပြီးလွတ်သွား သူတို့ကဘယ်ကလာလည်းဘယ်သူတွေလည်းမသိရဘူး ပြီးတော့အရှေ့ပိုင်းမှာ အိမ် တစ်ရာကျော်ရှိတယ်(၆၀)ရာခိုင်နှုန်းလောက်ကိုဝင်နေဖောက်ထွင်းထားတာ”လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်ကပစ်ခတ်လို့သေဆုံးသွားတဲ့သူအလောင်းကိုတော့နေ့လည်ပိုင်းအချိန်မှာလာကောက်သွားပြီးတိုက်ပွဲဖြစ်သံတွေမကြားရတော့ပေမဲ့လည်းစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့နေ့တိုင်းပစ်ခတ်နေပြီး တောင်ကလေးကျေးရွာအတွင်းညနေပိုင်းသွားလာသူတွေကို မင်္သကာရင်ပစ်မယ်ဆို ပြီးတောင်ကလေး ဈေးမှာစစ်ကောင်စီတပ်သားတွေ လာရောက်ကြေညာသွားတယ်လို့ သူကဆက်ပြောပါတယ်။
“နေ့လည်ကတော့ကားနဲ့လာကောက်သွားတယ်အလောင်းကို ပြေးလို့လွတ်သွားတဲ့ သူကတော့ လက်မောင်းမှာဒဏ်ရာနဲ့နေ့လည်လောက်ကျတော့ရွာထဲကိုကားနဲ့ပြန်လာပြီး လာခေါ်သွားတယ် အဲ့ဒီဘက်မှာရွာမှာရွာခံတွေမရှိတော့တာကြာပြီချောင်းနှစ်ခွတိုက်ပွဲဖြစ်ကတည်းကပြောင်းသွာကြတာ ညနေပိုင်းတွေလည်းပြောထားတယ်မင်္သကာရင်ပစ်မယ်ဆိုပြီး ဈေးထဲမှာလာပြောသွားတယ်” လို့ သူကပြောပါတယ်။
ချောင်နှစ်ခွကျေးရွာအတွင်းမှာလည်း ကျေးရွာအတွင်ပစ်ခတ်သံတွေမကြားရတော့ပေမဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတွေကတော့ကျေးရွာအတွင်းကို ပေးမဝင်သေးဘူးလို့ ချောင်းနှစ်ခွကျေးရွာသားတစ်ဦးပြောပါတယ်။
“ ရွာဘက်တော့အသံကတော့တစ်ချက်တစ်ချက်ပဲ တောင်ကလေးဘက်ပဲအသံတွေထွက်နေတာ လက်နက်ကြီးသံတွေ ရွာထဲကိုတော့ပေးမဝင်သေးဘူး စခတွေကတွေကတော့ရဲစခန်ထဲမှာပဲရှိတာ ရွာထဲကိုတော့တော်လှန်ရေးတပ်ဖွဲ့တွေမပေးဝင်သေးတာပါ”လို့သူကပြောပါတယ်။
ဒါ့အပြင်စစ်ကောင်စီတပ်သားတွေအထိုင်ချထားတဲ့တောင်ကလေးရဲစခန်းကိုလည်းနယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဒရုန်းနဲ့နေ့တိုင်းဗုံးကြဲတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဘက်လည်း သေဆုံးမှုူတွေလည်းရှိနေပေမဲ့ အတိအကျတော့မသိရှိရသေးဘူးလို့ ဒေသခံတွေကဆိုပါတယ်။
အခုလိုချောင်းနှစ်ခွတံတားနဲ့ အနီးအနားကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာနဲ့ပတ်သက်ပြီး နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်တွေက်ိုကျွန်မတို့ ဖားစည်သံသတင်းဌာအနေနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားတာမျိုးမရှိသေးပါဘူး။
ချောင်းနှစ်ခွနဲ့ အနီးအနားကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ (၁၀)ရက်ကျော်ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင် ချောင်းနှစ်ခွတံတားလည်းပျက်စီးသွားသလို ကလေးငယ်နှစ်ဦးလည်း သေဆုံးခဲ့ပြီး နေအိမ်တွေလည်းအများအပြားမီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်ရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)