နိုဝင်ဘာလ ၁၃ရက်၊ ၂၀၂၃ခုနှစ်
မွန်ပြည်နယ်၊ကျိုက်မရောမြို့နယ်၊ချောင်းနှစ်ကျေးရွာနဲ့တောင်ကလေးကျေးရွာလမ်းပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက်ပွဲဆက်လက်ဖြစ်ပွားနေတဲ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့်ကလေးငယ်နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
နိုဝင်ဘာလ (၁၂) ရက်နေ့ နေ့လည် (၁) နာရီဝန်းကျင်အချိန်မှာ တောင်ကလေးရဲစခန်းကနေ အနီးအနားကျေးရွာတွေဘက်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ပေါလောကျေးရွာက အသက်(၇)နှစ်အရွယ် မနှင်းသက်ဝေနဲ့ အသက် (၈)နှစ်အရွယ် မဆန်းရတီဦးတို့ လက်နက်ကြီးကျည်ထိမှန်သေဆုံးခဲ့တယ်လို့ တောင်ကလေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ပေါလောရွာမှာ ဟို့တစ်တေ့ကပစ်တဲ့နေရာပဲ (၁) နာရီမှာ စခန်းကပစ်ထုတ်သွားတဲ့ အလုံးက ရွာထဲကျတယ်လောလောဆယ်တော့ ကလေးနှစ်ယောက်အတည်ပြုရတယ် လူကြီးထိ တယ်လည်းကြားတယ်အဲ့ရွာမှာကရှုပ်နေတယ် ထိတာကဗိုက်တွေရင်ဘက်တွေ အစမှန်တာ အဲ့ဘက်ကဗုံခိုကျင်းတွေလည်းမရှိဘူး ဘေးနားကရွာတွေကမတူးထားတာများ တယ်လေ”လို့ သူကပြောပါတယ်။
ဒီနေ့နိုဝင်ဘာဘ (၁၃) ရက်နေ့မနက်အစောပိုင်းကနေစပြီးအခု နေ့လည်(၁၂)နာရီဝန်းကျင်လောက် ထိကို စစ်ကောင်စီတပ်က Mi (35)ရဟတ်ယာဉ်နဲ့လာရောက်ပစ်ခတ်နေသလို KNLAပူးပေါင်းတပ်ဖွဲ့ တွေလက်လည်း တောင်ကလေးရဲစခန်းကိုဒရုန်းဗုံးသီးကြဲချတိုက်ခိုက်တာ တွေလုပ်ဆောင်နေတယ်လို့ သူကဆက်ပြောပါတယ်။
“မနက်က လေယာဉ်၃စီးလာတယ် ပထမတစ်စီးကမပစ်ဘူး အပေါ်မှာဝဲပြီးပြန်သွားတယ်နှစ်စီးကတော့ပစ်တယ် အခုလာတဲ့ကောင်က မယ်တရိုရွာနဲ့ တောင်ကလေးကြားကို ခေါင်းစိုက်ပြီးပစ်နေတာမနက်ကတော့တစ်မနက်လုံး စခန်းကို Dropဗုံးလိုက်ချတာညကလညတောင်ကလေး၊ ပေါလောဉချောင်းနှစ်ခွ၊ ဖက်တေးကုန်းနဲ့ အနီးအနားကကျေးရွာတစ်ချို့ကဒေသခံထောင်နဲ့ ချီထွက်ပြေကိုတော့KNLA ပူးပေါင်းတပ်ဖွဲ့တွေက နိုဝင်ဘာလ (၁၂) ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNLAသတင်းအရင်းမြစ်တစ်ဦးကပြောပါတယ်။
တောင်ကလေးကျေးရွာနဲ့ ချောင်းနှစ်ခွကျေးရွာကြားမှာနှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာ စစ်ကောင်စီတပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် တောင်ကလေး၊ ပေါလောဉချောင်းနှစ်ခွ၊ ဖက်တေးကုန်းနဲ့အနီးအနားက ကျေးရွာတစ်ချို့က ဒေသခံထောင်နဲ့ ချီထွက်ပြေးတိမ်းရှောင်နေကြပြီးကျေးရွာအတွင်းကျန်ရှိနေသူတွေလည်းရှိနေတယ်လို့ ဒေသခံတွေပါဆိုပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ (၁၀) ရက်နေ့ကနေစပြီးနိုဝင်ဘာလ (၁၃)ရက်နေ့ထိကို နှစ်ဖက်တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံပြည်သူ ေတွနေအိမ်ထိခိုက်ပျက်စီးတာ ပြည်သူတွေထိခိုက်တာ အိမ်မွေတိရိစ္ဆာန်တွေသေဆုံးတာတွေရှိနေတယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – Cj
Phar Si Than (People’s Radio Myanmar)