**************
နိုင်ဝင်ဘာလ ၉ရက်၊ ၂၀၂၃ခုနှစ်
ပဲခူးတိုင်း၊ပေါင်းတည်မြိုု့နယ်၊သစ်ပုတ်တာဝါတိုင်စခန်းကနေစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ တာကြောင့်စစ်ကောင်စီတပ်ဘက်မှ (၃)ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နိုဝင်ဘာလ၈ရက်နေ့ နေ့လည် ၁နာရီဝန်းကျင်အချိန်မှာ မရိုးကျွန်းရွာနဲ့ သရက်စမ်းရွာကြားကို စစ်ကြောင်းထိုးလာတဲ့ အင်အား(၂၄)ယောက်ပါစစ်ကောင်စီတပ်စစ်ကြောင်းကို ပဒေသာမိုင်း (၄)လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်မှ (၃)ဦး ပြင်းထန်း ဒဏ်ရာရရှိခဲ့ တယ်လို့ ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“မနေ့က၂၄ယောက်စစ်ကြောင်း၂၄ယောက်စစ်ကြောင်းကိုဆွဲတာ၃ယောက်လောက်တော့ အပြင်းအထန်ထိတယ်သတင်းတော့လိုက်တုန်းပဲ အဲ့တာပြီးတော့လက်နက်ငယ်နဲ့ ပြန်ပစ်တာတော့ရှိတယ် မိုင်းဆွဲတာ၁နာရီ၁၅လောက်ထိတာကတော့ ၃ယောက် ပတ်တီးစည်းတာတွေတွေ့တယ်”လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီးညပိုင်းအချိန်မှာတော့စစ်ကောင်စီတပ်ရဲ့ သစ်ပုတ်တာဝါတိုင်စခန်းကနေ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ဆိုပါတယ်။
ဒါ့အပြင်ပေါင်းတည်မြို့နယ်အတွင်းမှာစစ်ကောင်စီဖွဲ့နဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့နှစ်ဖက်ထိတွေ့ပစ်ခတ်တာတွေမိုင်းဆွဲတိုက်ခိုက်တာတွေရှိနေပြီးမြို့တွင်းမှာလည်းစစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကနေဆိုင်ကယ်စစ်ဆေးတာတွေကိုလုပ်ဆောင်နေသလိုညပိုင်းစစ်ကောင်စီတပ်လက်အောက်ခံရဲတပ်ဖွဲ့ဝင်တွေကကင်းလှည့်တာတွေလုပ်ဆောင်နေပြီးသေနတ်ပစ်ဖောက်တာတွေလည်းရှိနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“စစ်ဆေးတာတွေရှိတယ် ပသစနဲ့စစ်တပ်ကစစ်တယ်မကြာသေးဘူး ပသစဖွဲ့ ထားတာ အင်အားကတော့ဆယ်ဂဏန်းလောက်ပေါ့ မြို့ပေါ်ကပျူတွေက ဆိုင်ကယ်တွေအဓိက စစ်တယ် ရွာကကောင်တွေကတော့ရွာလုံခြုံရေးပေါ့ ပစ်တာဖောက်တာတွေတော့ မရှိဘူးညဘက်ကင်းလှည့်မှဖောက်တာညတိုင်းကင်းလှည့်တယ်ရဲတွေပျုနဲ့စစ်သားပါမပါတော့သေချာမသိဘူး”လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၃၀ ရက်နေ့တုန်းကလည်းသစ်ပုတ်ရွာတာဝါတိုင်စောင့်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက လက်နက်ငယ်တွေနဲ့သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ပုံ – PPDF
Phar Si Than (People’s Radio Myanmar)