နိုဝင်ဘာလ ၆ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်တိုက် ပွဲပြန်ဖြစ်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေကာ ကြားအင်းဆိပ်ကြီးမြို့တွင်းကအသက်ကြီး ရွယ်အိုတွေမှာမြို့တွင်းမနေထိုင်ရဲတော့ပဲပြောင်းရွှေ့နေထိုင်နေတယ်လို့ ဒေသခံတွေဆီက နေသိရပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာလ(၂)ရက်နေ့ကကြာအင်းဆိပ်ကြီးမြို့တွင်းမှာစစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွာပြီးနောက်ပိုင်းမှာလည်း မြို့တွင်းတိုက်ပွဲထပ်မံ ဖြစ်ပွားမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေသလို မြို့တွင်းကသက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးနေထိုင်မကောင်သူတွေမှာလည်း မော်လမြိုင်မြို့နဲ့ဆွေးမျိုးတွေရှိရာနေရာတွေမှာ ပြောင်းရွှေ့နေထိုင်နေကြပြီး တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းအချိန်တွေမှာလည်း ရပ်ကွက် တိုင်းလိုလို စစ်ကောင်စီတပ်က ကင်းပုန်းဝပ်နေကြတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကြာအင်းဆိပ်ကြီးမှာသက်ကြီးပိုင်းတွေကတော်တော်များမျာမရှိတော့ဘူးအကုန်လုံးရွှေ့ထားပြီးသွားပြီး သူတို့ပါသူတို့ရှောင်နေလိုက်ပြီးမခံနိုင်ဘူးလေ သူတို့ပစ်ထုတ်တဲ့အသံကို သူတို့ညတိုင်းရပ်ကွက်တိုင်းမှာဝပ်နေတယ်တိုက်ပွဲဖြစ်ပြီးတော့မှညဘက်တွေကင်းပုန်းဝပ်တာပြီးတော့စစ်ကူတွေလည်းရောက်နေကြားတယ်ဒီတစ်ခါထပ်ဖြစ်ရင်သူတို့ကနှစ်စထပ်ပစ်မယ်လို့ပြောထားတယ်”လို့သူကပြောပါတယ်။
အခုလိုတိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်းမှာလည်းကြားအင်းဆိပ်ကြီးမြို့မှာရှိတဲ့ ကျောင်းတွေကို စစ်ကောင်စီတပ်အကန့်သတ်မရှိပိတ်ခိုင်းထားပြီး ကျောင်းသားကျောင်းသူတွေမှာလည်း ကျောင်းတက်ရောက်တာမျိုးမရှိပေမဲ့ သက်ဆိုင်ရာဆရာ၊ဆရာမတွေကတော့အလှည့်ကျ စောင့်နေရတယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“စကစရဲ့အမိန်နဲ့ ကြာအင်းဆိပ်ကြီးမြို့က မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို အကန့်အသတ်မရှိယာယီပိတ်ထားလိုက်ပြီ မြို့ပေါ်ကအထက(၁)၊ အထကခွဲ(၁) ၊မူလတန်းကျောင်း(၈)ကျောင်း ကျေးရွာအုပ်စုကျောင်းတွေပိတ်မပိတ်တော့ မသိရသေးဘူးသက်ဆိုင်ရာကျောင်းတွေမှာ ဆရာ၊ဆရာမတွေ ကတော့ အလှည့်ကျ စောင့်နေရတယ်” လို့ သူကပြောပါတယ်။
အခုလက်ရှိအချိန်မှာလည်းစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့နှစ်ဖက်စစ်ရေးအခြေနေ တင်းမာနေသလိုတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က မြို့တွင်းအခြေအနေတင်းကြပ်လာသလိုစစ်ရေးပြင် ဆင်နေတာတွေကိုလည်းကြားသိရတယ်လို့နယ်မြေခံစစ်ရေးသတင်းအရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဒါ့အပြင်ကြာအင်းဆိပ်ကြီးမြို့တွင်းမှာလည် စစ်ကောင်စီတပ်လက်အောက်ခံ BGFတပ်ဖွဲ့ ဝင်တွေဟာအင်အား(၃၀) ဝန်းကျင်လောက်နဲ့မနက်(၈)နာရီဝန်းကျင်မှာတစ်ကြိမ် ညနေ(၅)နာရီ ဝန်းကျင်မှာတစ်ကြိမ်ကင်းလှည့်တာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကရင်ပြည်နယ်အတွင်းက မြဝတီ၊ကော့ကရိတ်၊ကျုံဒိုး၊ ကြာအင်းဆိပ်ကြီး၊သံတောင်နဲ့ ဖာပွန်မြို့နယ်တွေဘက်မှာလည်း စစ်ကောင်စီတပ်စွဲထားတဲ့တေရာတွေ၊ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကြောင်းယာဉ်တန်းတွေမှာ ကြားဖြတ်တိုက်ခိုက်တာတွေဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိတာလည်းဖြစ်ပါတယ်။
နိုဝင်ဘာလ(၂)ရက်နေ့တိုက်ပွဲအတွင်းမှာလည်းစစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ(၃)ဦးသေဆုံးကာ (၂၀)ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-CJ
Phar Si Than (People’s Radio Myanmar)