နိုဝင်ဘာလ ၃ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့မှာ စစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင်၃ဦးသေဆုံးခဲ့တယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေဆီကနေသိရပါတယ်။
အောက်တိုဘာလ (၂)ရက်နေ့ မနက် (၅)နာရီဝန်းကျင်အချိန်ကနေ မနက် (၁၁) နာရီ ဝန်းကျင် အချိန်ထိကိုစစ်ကောင်စီတပ်နဲ့ KNLAပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ စစ်ကောင်စီတပ် ဘက်မှလက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာကြောင့်ရပ်ကွက်(၁) မှ အသက်(၁၀)နှစ်အရွယ်ကလေးတစ်ဦး အသက်(၃၀)အရွယ်အမျိုးသားတစ်ဦးနဲ့ ရပ်ကွက်(၆)မှ အသက် (၇၅)နှစ်ဝန်းကျင်အရွယ် အဘိုးတစ်ဦးသေဆုံးကာ(၁၀)ဦးထပ်မနည်းထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီးနေအိမ်အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
“ ရက်ကွက်၁ကတစ်ယောက် ရပ်ကွက်(၆)ကတစ်ယောက် ကြားတာကတော့၄ယောက် (၁၀)နှစ်ကလေးရွယ်တစ်ယောက်သေတယ်လည်းကြားတယ်ရပ်ကွက်(၁)ကပဲမိန်းကလေး မနက်ကတော့ အသုဘတွေသွားနေတယ်အစ်မတို့အမေအိမ်ခေါင်မိုးမှာဆို(၆၀)မမကျတယ် ရက်စက်တာပေါ့ အစ်မတို့အိမ်ဆို မီးချောင်းတွေကွဲသွပ်တွေပေါက် ကားဘီးတွေပွင့်ထွက် သေတာကအဘိုးကြီးတစ်ယောက်သေတယ်အသက်က(၇၅)၊(၇၆)အရွယ်လောက်ရပ်ကွက်(၆)က မီးစက်နားမှာနေတယ်နောက်တစ်ယောက်ကဈေးထဲမှာ မုန့််ရောင်းတဲ့အဘွားရဲ့သား ရပ်ကွက် (၁)ကဆေးရုံမှာလည်းလူနာတွေရောက်သလောက်ရောက်နေတယ်တဲ့လက်နက်ကြီးပစ်တာပတ်ပတ်လည်ပဲလေ မကျတဲ့နေရာမရှိဘူး”လို့ သူပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်လက်အောက်ခံမီးသတ်ရုံးမှာကအဆောက်အအုံတစ်ချို့နဲ့ မီးသတ်ကားအဟောင်း၂စီးရှို့ခံခဲ့ရသလို ကြာအင်းဆိပ်ကြီးရဲစခန်းကိုလည်း (၁၀) ကြိမ်ထပ် မနည်းဒရုန်းနဲ့ ဗုံးကြဲခံခဲ့ရတယ်လို့သူကဆက်ပြောပါတယ်။
“မီးသတ်ရုံးရှို့သွားတယ်မီးသတ်ကားအဟောင်း၂စီးရှို့သွားတယ်မီးသတ်ရုံးခန်းတွေ ရှို့သွားတယ် ဒရုန်းလည်လာတယ်ဒရုန်းလာတာ(၁၅)ခေါက်လောက်ရှိမယ်ရဲစခန်ကိုပဲ လာချတာပေါ့”လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့တွင်းတိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံပြည်သူတွေထဲမှာလည်းနို့တိုက်အ ရွယ်ကလေးငယ်တွေလည်းပါဝင်နေပြီး ဒဏ်ရာရှိသူတွေမှာလည်း ကြာအင်းဆိပ်ကြီးဆေးရုံ မှာဆေးကုသမှုခံယူနေကြသလို မော်လမြိုင်ဆေးရုံမှာလည်း ဆေးကုသမှုခံယူနေသူတွေ လည်းရှိတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံအမျိုးသားတစ်ဦးကဆိုပါတယ်။
“သုံးယောက်သေတယ် အထိအခိုက်တအားများတယ်လက်နက်ကြီးတွေက ရပ်ကွက်၁၊၂ တော်တော်များများပါပဲမိုးရွာသလိုပဲကျသွားတာ ဆေးရုံမှာကောမော်လမြိုင်ဆင်းတဲ့သူတွေ အများကြီးကလေးငယ်ငယ်တွေနို့တိုက်ကလေးတွေလည်ပါတယ်အစုံပေါ့ထိခိုက်တဲ့အိမ်တွေ ဖုန်းဆိုင်တွေကတော့တော်တော်ကြေကြေမွမွပျက်စီးသွားတယ်”လို့သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့တွင်းမှာအောက်တိုဘာလ (၂)ရက်နေ့ မနက်၁၁နာရီဝန်းကျင်အချိန် လောက်ကတည်းATOMဖုန်းလိုင်းတွေနဲ့ Mytelဖုန်းလိုင်းတွေမှာလည်းပြတ်တောက်နေတယ်လို့ တိုက်ပွဲအတွင်းစစ်ကောင်စီတပ်က Mi (35) ရဟက်ယာဥ်နဲ့ပစ်ခတ်ခဲ့ပေမဲ့ မြို့ထဲကျရောက်ပေါက်ကွဲတာမရှိဘူးလို့ဒေသခံ တွေကဆိုပါတယ်။
ဒါ့အပြင်အောက်တိုဘာလ (၂)ရက်နေ့ နေ့လည်၁နာရီအချိန်တုန်းကလည်း တံခွန်တိုင်ရဲစခန်းကို(၆၀)မမနဲ့ KNLAပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ နယ်မြေခံစစ်ရေးသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။
ဒီနေ့အောက်တိုဘာလ (၃)ရက်နေ့မှာတော့ကြာအင်းဆိပ်ကြီးမြို့ထဲမှာပုံမှန်အတိုင်းသွားလာ နေကြပြီး အောက်တိုဘာလ(၂)ရက်နေ့ ညပိုင်းအချိန်မှာတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ (၃)လုံးပစ်ခတ်သေးတယ်ဒေသခံတွေကဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ကရင်ပြည်နယ်ထဲက ကျုံဒိုးမြို့ကော့ကရိတ်မြို့နယ်တစ်ဝိုက်နဲ့ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ(၂)ဥိီးသေဆုံးကာ ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေအိမ်၈လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ဒူးပလယ်ယာခရိုင်ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)