အောက်တိုဘာလ ၁၄ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ ကျုံဒိုးကမ်းနားပိုင်း ၇လမ်းနဲ့ ၈လမ်းက နေအိမ်အလုံး ၃၀ လောက်ကို ကျုံဒိုးအခြေစိုက် ခမရ ၅၄၆ ကနေ ခြံစည်းရိုးကာမယ်ဆိုတာကာပြောင်းရွှေ့ခိုင်းနေတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
အောက်တိုဘာလ ဒုတိယအပတ်လောက်မှာ ကျုံဒိုး အခြေစိုက် ခမရ ၅၄၆ ကနေ ခြံစည်းရိုးကာမယ်ဆိုကာ ကျုံဒိုးကမ်းနားပိုင်း ၇ လမ်းနဲ့ ၈လမ်းကနေအိမ် အလုံး၃၀ လောက်ကို တစ်လအတွင်းအပြီးပြောင်းရွှေ့ ဖယ်ရှာခိုင်းပြီး မဖယ်ရှားခတဲ့ နေအိမ်တွေကို ဘူဒိုဇာနဲ့ လာရောက်ဖယ်ရှားမယ်လို့အမှတ်၆ ရပ်ကွက်နေ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“၇ လမ်း ၈ လမ်းအိမ်တွေ လိုက်ဖယ်ခိုင်းနေတာ ခြံစည်းရိုးခတ်ဖို့ဆိုပြီးလိုက်ပြောထားတယ် သူတို့ပြောပုံအရဆိုရင်ကိုယ်တိုင်မဖြုတ်ဘူးဆိုရင် သူတို့ဘူဒိုဇာနဲ့လာထိုးမယ် ဘူဒိုဇာနဲ့ ဖျက်ခံရတဲ့အိမ်တွေကလည်း ဘူဒိုဇာကထပ်ပေးရမယ်လျော်ကြေးတော့မရဘူး ပြန်ပါလျော်ရမဲ့အနေအထားမှာရှိတယ်”လို့ သူကပြောပါတယ်။
ဖယ်ရှားခိုင်းထားတဲ့ အိမ်ခြံမြေနေရာတွေဟာ စစ်ကောင်စီတပ်အပိုင်မြေတွေဖြစ်ပြီး အခုလက်ရှိနေထိုင်သူတွေဟာအရင်ကတာဝန်ကျခဲ့တဲ့ စစ်ကောင်စီတပ်ကအရာရှိတွေကို ငွေကြေးပေးဆောင်ကာနေထိုင်နေကြတာဖြစ်သလို အခုဖျက်ခိုင်းတာ အရင်ကခြံစည်းရိုးခတ်ထားတဲ့အထိ နေရာပိုတိုးပြီးပါလာဆိုတာတော့ မသိရဘူးလို့နောက်ထပ်ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
“ဖြစ်ချင်တော့ အဲ့နေရာတွေက ဟိုအရင်ကတည်းက စစ်တပ်က ခြံစည်းရိုးရိုက်ထားတယ်ကိုယ်တွေငယ်ငယ်ကတည်းကပေါ့ အဲ့မှာ စစ်မှုထမ်းဟောင်းတို့ ဘာတို့က ပိုက်ဆံ ထိုးပြီးနားလည်မှုယူပြီး တဲထိုးနေကြတယ် နောက်ပိုင်းတစ်ချို့တွေလည်း အဲ့လိုလုပ်ကြပြီး အိမ်တွေများသွားတယ် အခုအဲ့နေရာတွေ အကုန်ပြန်ဖယ်ခိုင်းတယ်လို့တော့ကြားမိတယ် အရင်ကခြံစည်းရိုးထိပဲလာ ပိုတိုးပြီးပါလာတော့ မပြောတတ်ဘူး ကြားမိတာအိမ်ခြေ 28-30လောက်ရှိမယ်”လို့သူကပြောပါတယ်။
ပြီးခဲ့တဲ့ မေလကနေ သြဂုတ်အထိကို ကျုံဒိုးရဲစခန်း၊ကျုံဒိုးမြို့အခြေစိုက် ခမရ ၅၄၅နဲ့ ခရမ ၅၄၆တို့ကိုနယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေဘက်မှ မကြာခဏဒရုန်းဗုံးတိုက်ခိုက်ခဲ့သလို စစ်ကောင်စီတပ်ဘက်မှလည်းလက်နက်ကြီးတွေနဲ့ပြန်လည်ပစ်ခတ်ခဲကြောင့် အနီးအနားကျေးရွာတွေကိုလက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ဒေသခံသေဆုံးတာ၊နေအိမ်ခြံမြေတွေထိခိုက်ပျက်စိီးတာတွေဆက်ရှိနေတယ်လို့ ဒေခံတွေရဲ့ပြောပြချက်အရသိပါတယ်။
သတင်း-နော်ဖူးဖူး
ပုံ-Cj
Phar Si Than (People’s Radio Myanmar)