အောက်တိုဘာလ ၇ရက်၊၂၀၂၃ ခုနှစ်
Siam Paragon ရှော့ပင်းမောလ်အတွင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးအား လက်နက်များရောင်းချမှုဆက်စပ်သဖြင့် ဘန်ကောက်နှင့် Prachuap Khiri Khan တို့တွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သီးခြားစီ ဖမ်းဆီးခံခဲ့ရသည်။
မြို့တော်၏ ရဲမှူးချုပ်ကြီး သီတီဆိုင်းဆာနှင့် ရန်နောင်ရဲ စုံစမ်းရေး အဖွဲ့တို့ ပူးပေါင်း၍ Bang Khae ခရိုင် Soi Phetkasem (94) ရှိ နေအိမ်တွင် သံသယရှိသူ တစ်ဦးကို စနေနေ့က ဖမ်းဆီးခဲ့ပြီး
Phassornkorn “Nikki” Thianthanwit ( 27 )နှစ်ဟု သတ်မှတ်ခံထားရသော တရားခံအား ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်ခုံရုံးက ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းရောင်းချမှုတွင် ပူးပေါင်းပါဝင်မှုဖြင့် သောကြာနေ့က ဖမ်းဝရမ်းထုတ်၍ ဖမ်းဆီးခဲ့သည်။
ဖမ်းဆီးစဉ်အတွင်း အာဏာပိုင်များက Glock ပစ္စတိုသေနတ်နှစ်လက်နှင့် Smith & Wesson ခြောက်လုံးပြူးတစ်လက်တို့နှင့်အတူ ကျည်မျိုးစုံ ၂၇၆၅ တောင့်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ပါဆယ်ထုပ်အလွတ်များနှင့် အခြားထုပ်ပိုးပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။ ထိုနေ့တွင်ပင် အခြားသံသယရှိသူနှစ်ဦးဖြစ်သည့် Wutthiphong Phetmanee နှင့် Suthida Paenghom တို့ကို Prachuap Khiri Khan ၏ Bang Saphan Noi ခရိုင်တွင် ဖမ်းဆီးရမိခဲ့သည်။
Suthida က Bang Saphan Noi ရဲစခန်းမှာအဖမ်းခံခဲ့ပြီး Mr Wutthiphong ကအိမ်နောက်ဖေးမှာ အဖမ်းခံခဲ့ရပါတယ်။ ၎င်းတို့နှစ်ဦးစလုံးသည် လက်နက်ခဲယမ်းများ တရားမဝင်ရောင်းချမှုတွင် ပါဝင်ပတ်သက်မှုအတွက် ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်တရားရုံးက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်တယ်။
လွန်ခဲ့သောကြာသပတေးနေ့တွင် ဆယ်ကျော်သက်တစ်ဦးအား သေနတ်နှင့် ခဲယမ်းမီးကျောက်များ ရောင်းချသည်ဟု သံသယရှိသူများအား ယာလာနှင့် ဘန်ကောက်တို့တွင် အမျိုးသားသုံးဦးကို သီးခြားစီ ဖမ်းဆီးခဲ့သေးသည်။
Suwananhong Phramkhanajarn (45 နှစ်) နှင့် 22 နှစ် Akkharawit Jaithongကို တောင်ပိုင်းနယ်စပ်ရှိ Yala ပြည်နယ်ရှိအိမ်တွင်ဖမ်းဆီးခဲ့ပြီး, ၃၁ နှစ် Piyabut Pianpithak ကို ဘန်ကောက်တွင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါ သံသယရှိသူ သုံးဦးကို ဘန်ကောက်တောင်ပိုင်း ရာဇ၀တ်ခုံရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့အား ထိန်းသိမ်းပြီးစုံစမ်းမေးမြန်းနေဆဲဖြစ်သည်။ ရဲတပ်ဖွဲ့က ဖမ်းဆီးခံသူ တရားခံများအားလုံးအတွက် အာမခံပေးမှုကို ကန့်ကွက်ထားသည်။
Suwananhong နှင့် ၎င်း၏သားဖြစ်သူတို့ကတော့ လက်နက်ခဲယမ်းများ တရားမဝင် လက်ဝယ်ထားရှိမှုနှင့် ခွင့်ပြုချက်မရှိဘဲ လက်နက်ခဲယမ်းရောင်းချမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသည်။ ၎င်း၏နေအိမ်မှ သိမ်းဆည်းရမိသော ခဲယမ်းမီးကျောက်အလွတ် ၂၀၉ ကျည်၊ သတ္တုအစိတ်အပိုင်း ၃၃ ခု၊ ဘဏ်အကောင့် ၂ ခု၊ မဂ္ဂဇင်း ၉ ခုနှင့် အခြားပစ္စည်းများပါဝင်သည်။
Yala မှ Suwananhongသားအဖနှစ်ဦးသည် ဆယ်ကျော်သက် သံသယရှိသူအား သေနတ်မရောင်းပေးသဖြင့် မစ္စတာ Piyabut မှ သေနတ်နှင့် ခဲယမ်းမီးကျောက်များ ရောင်းချခဲ့ကြောင်း ဝန်ခံခဲ့သည်။ ၎င်းတို့အား တရားစွဲဆိုရန်အတွက် ငွေလွှဲဖြတ်ပိုင်းများနှင့် အခြားပစ္စည်းများ အပါအဝင် အထောက်အထားများ ရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
လက်နက်အမှုဖြင့် လတ်တလောဖမ်းဆီးထားသူ ၆ ခန့်ယောက်ရှိသည့်အနက် ကုန်တိုက်ပစ်ခတ်မှုနှင့်ဆက်စပ်သည့်လက်နက်ရောင်းသူမှာဝန်ခံထားသော်လည်း မှောင်ခိုလက်နက်ရောင်းတဲ့လူအားလုံးကိုအကြမ်းဖက်မှုနှင့်ချိတ်ဆက်မှုရှိသည်ဟုဆိုကာ လက်နက်မှောင်ခိုလုပ်ငန်းမှန်သမျှကို နှိမ်နင်းဖမ်းဆီးနေခြင်းဖြစ်သည်။
Siam Paragon မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ တရုတ်နဲ့ မြန်မာ အမျိုးသမီး ၂ ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့တဲ့ သံသယရှိသူတွေကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့တာပါ။ ပစ်ခတ်မှုမှာ တာဝန်ရှိတဲ့ ဆယ်ကျော်သက်ကို အခင်းဖြစ်ပွားရာနေရာမှာပဲ ဖမ်းဆီးခဲ့ပါတယ်။
Ref: Bangkok Post
Photo: Bangkok Post