အောက်တိုဘာလ ၇ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ရှိ အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်က ပြောင်း ရွှေ့ခိုင်းထားတဲ့ အိမ်ခြံကွက် ၁၃ ကွက်က ပိုင်ရှင်တွေကို ရပ်ကွက် ၃ အုပ်ချုပ်ရေးမှူးနဲ့ အရင်ခြံပိုင်ရှင် ဆိုသူတွေက အောက်တိုဘာလ ၆ ရက်နေ့မှာခေါ်တွေ့ကာ ခြိမ်းခြောက်ပြောဆိုတာတွေပြုလုပ်နေတယ် ဒေသခံတွေဆီကနေသိရပါတယ်။
အိမ်ခြံကွက်ကို တစ်ဝက်စီခွဲယူမယ်ဆိုတဲ့ ညှိနှိုင်းချက်ကိုလက်မခံရင် စစ်ကောင်စီတပ်လက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေကို လွှဲပြောင်းပေးပြီး အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်ဘေးမှာရှိတဲ့ ငါဂိမ်းရုံက ထိပ်တုံးထဲထည့်ပြီး ရိုက်ခိုင်းတာ၊ ခြံတစ်ခြံလုံးပြန်လည်သိမ်းယူသွားမယ်လို့ ရပ်ကွက်၃ အုပ်ချုပ်ရေးမှူး ဦးသန်းဦးနဲ့ အရင်ခြံပိုင်ရှင်ဆိုသူတွေက ခြိမ်းခြောက်ပြောဆိုနေတယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“သွားတဲ့သူတွေကို အုပ်ချုပ်ရေးမှူးကပြောတယ် တစ်ယောက်တစ်ဝက်ခွဲပေးရမယ်တဲ့ အဲ့တာ ဟိုအဖွဲ့တွေကပြောတယ် ငါးဂိမ်းရုံကိုထည့်ပေးလိုက်လို့ ငါးဂိမ်းရောက်ရင် BGF တွေက ၆ ပေါက်ထဲ ထည့်ပြီးရိုက်တယ် ကန်တယ် ထမင်းမကျွေးဘူး ကြာရင်မခံနိုင်လို့ပေးလိုက်ရတယ် အဲ့ဒီပုံစံမျိုး အုပ်ချုပ်ရေးမှူးကပြောတယ် နင်တို့စဥ်းစား ငါးဂိမ်းထဲရောက်ရင် နင်တို့နာမယ် တစ်ခြံလုံးသိမ်းခံထိမယ် ခြံတစ်ဝက်စီယူရင်တော့ နင်တို့ကိုငါညှိပေးမယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် အမှတ်၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်က ပြောင်းရွှေ့ခိုင်းထားတဲ့ အိမ်ခြံကွက် ၁၃ ကွက်က ပိုင်ရှင်တွေမှာရှိတဲ့ စာချုပ်တွေနဲ့ ပြေစာတွေဟာလည်း အတုတွေဖြစ်ပြီး အခုလက်ရှိအချိန်မှာ အသုံးမဝင်တော့ဘူးလို့ အမှတ်၃ ရပ်ကွက်အုပ်ချုပ်ရေးမှူနဲ့ည အရင်ခြံပိုင်ရှင်ဆိုသူတွေက ပြောဆိုနေကြတယ်လို့ သူကဆက်ပြောပါတယ်။
“ကာယကံရှင်ကတွေက သူတို့မှာစာချုပ်တွေ ပြေစာတွေရှိတယ် နေလာတာလည် နှစ်နှစ်ဆယ်ကျော်ပြီ နိုင်ငံတော်ကလည်းချမှတ်ထားပြီးသား ဟို့ဘက်ကလည်း ဘာအထောက်အာထားမှမရှိတော့ တရားရုံး သွားမယ်ပြောတော့ အခုခေတ်က တရားရုံးက တရားရုံးခေတ်မဟုတ်ဘူးတဲ့” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ သြဂုတ်တုန်းကလည်း ပြောင်းရွှေ့ခိုင်းတားတဲ့ အိမ်ခြံကွက် ၁၃ ကွက်ထဲက နေအိမ် ၃ လုံးကို စစ်ကောင်စီတပ်လက်အောက်ခံ BGFတပ်မှ ဗိုလ်မောင်ချစ်ဦးဆောင်ပြီး နေအိမ်တွေကို ဖျက်ဆီးခဲ့တဲ့အပြင် နေအိမ်ဖျက်ဆီးခံရတဲ့ အိမ်ပိုင်ရှင်တချို့ကိုလည်း ညှိနှိုင်းမယ်ဆိုကာ တပ်တွင်းခေါ်ဆောင်သွားပြီး ရိုက်နှက်နှိပ်စက်တာတွေပြုလုပ်ခဲ့ပါသေးတယ်။
အခု ကမမောင်းမြို့ရဲ့ ရပ်ကွက်၂ နဲ့ရပ်ကွက် ၃က ပြောင်းရွှေ့ခိုင်းထားတဲ့အိမ်ခြံကွက် ၁၃ ကွက်ကိစ္စကို ဘ စက်တင်ဘာလလောက်မှာ စစ်ကောင်စီတပ်လက်အောက်ခံ BGFတပ်မှ ဗိုလ်မောင်ချစ်က သူကိုယ်တိုင် မလုပ်ဆောင်တော့ပဲ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းဦးကိုသာ တာဝန်ယူဖြေရှင်းခိုင်းနေတာ ဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ ရပ်ကွက်က နေအိမ် ၁၃ လုံးပိုင်ရှင်မှာ ၂၀၀၁ ခုနှစ်ကတည်းက ပြောင်းရွှေ့သခွက်ဖိုးရွာကနေ ကမမောင်းမြို့မှာ ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး စစ်ကောင်စီတပ် လက်အောက်ခံ BGFတပ်က တပ်ရင်းမှူးဗိုလ်မောင်ချစ်က ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တုန်းကလည်း အဲ့ဒီအိမ်ခြံ ၁၃ လုံးကို ဖယ်ဖျက်ဖို့တိုင်တန်းခဲ့ပေမဲ့ သူ့ရဲ့တိုင်တန်း ချက်မှာ ဖယ်ချခံခဲ့ရတယ်လို့ နယ်မြေခံသတင်းအရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)