အောက်တိုဘာလ ၄ ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်းနိုင်ငံ ၊ ဘန်ကောက်၊ Din Daeng စျေးအလယ်ရှိ ကာစီနိုလောင်းကစားရုံကို DOPA မှ စစ်ဆေးရေးမှူးချုပ် Ronnarong Thipsri ဦးဆောင်တဲ့ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိအင်အား ၃၀ က အောက်တိုဘာ ၃ ရက်နေ့က ဝင်ရောက်စီးနင်းပြီးနောက် ဒင်နီမြို့မရဲစခန်းမှ အကြီးတန်းအရာရှိ ၅ ဦးကို တာဝန်ပေါ့ဆမှု စွဲဆိုချက်တွေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ကာ ပြောင်းရွေ့မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။
အနီးနားရှိ ဒင်ဒါန်းအိမ်ခန်းတွေက နေထိုင်သူ တွေထံမှ သတင်းပေးချက်အရ Mr Ronnarong၊ ပြည်ထဲရေးဝန်ကြီးဌာန Damrongtham Justice Provision Center က ကာစီနိုမှာ ဒေသခံမြို့မျက်နှာဖုံး တစ်ဦးပိုင်ဆိုင်တဲ့ ကာစီနိုရုံတစ်ခုဖြစ်ပြီး လက်ရှိမှာကာစီနိုကို ယခင်နှစ်ကပိတ်ထားသော်လည်း ယခုနှစ်မှ ပြန်လည်ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
မပိတ်မီအတွင်း Thanadisai Sompong (သို့) Mac Anusawaree ဆိုသူက ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၄ ရက်နေ့မှာ ကာစီနိုရုံအတွင်း လုယက်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒုစရိုက်တွေပြုလုပ်တဲ့ ကာစီနိုရဲ့ ရှေ့မျက်နှာစာအဖြစ် Champ Snooker လို့ခေါ်တဲ့ ရေကူး Club တစ်ခုအဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး ရဲတွေကို ရှောင်လွှဲဖို့အတွက် ဝင်္ကပါဝင်ပေါက်မှာ လုံခြုံစိတ်ချရတဲ့ သံမဏိလျှပ်စစ်တံခါးငါးခု တပ်ဆင်ထားတယ်လို့ Mr Ronnarong က ပြောပါတယ်။ ကစားရုံအတွင်း တစ်ကြိမ်လျှင် အနည်းဆုံး လောင်းကစားသမား ၂၀၀ ခန့် ထားရှိတယ်လို့လည်း သိရပါတယ်။
လျှို့ဝှက်အေးဂျင့်တစ်ဦးရဲ့ ပြောကြားချက်အရ လောင်းကစား၀င်းအတွင်း ဗီဒီယိုခေါ်ဆိုမှုကနေတစ်ဆင့် လောင်းကစားဖောက်သည်တွေကို ဝန်ဆောင်မှုပေးကာ အွန်လိုင်းလောင်းကစားဝက်ဘ်ဆိုက်တစ်ခုကိုလည်း ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။
အာဏာပိုင်တွေက လောင်းကစားရုံက လောင်းကစားစက် ခုနစ်လုံးကို သိမ်းဆည်းရမိခဲ့ပြီး လောင်းကစားသူ ၅၄ ဦးကို ဖမ်းဆီးအရေးယူခဲ့ပါတယ်။လောင်းကစားရုံက ရဲစခန်းနဲ့ မီတာ 500 သာကွာဝေးတယ်လို့ သိရပါတယ်။
လောင်းကစားဝိုင်းကို လောင်းကစားရုံအတွင်း လည်ပတ်ခွင့်ပြုချက်နဲ့ ဆက်နွယ်နေတဲ့ မြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် ၅ ဦးရဲ့ အပြောင်းအရွှေ့နဲ့ပတ်သတ်ပြီ မြို့မရဲစခန်းမှ တပ်ဖွဲ့ခွဲ ၁ မှ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် အတ္တဖွန်း ဝေါင်စီပရီဒါက လက်မှတ်ရေးထိုးခဲ့ပါတယ်။
လက်ရှိ အမှုမှာပါဝင်တဲ့ အရာရှိတွေကို ရဲစခန်းရဲ့ ယာယီ ကြီးကြပ်ရေးမှူး ဗိုလ်မှူးကြီး Narawut Raksawong၊ ဒု မှုခင်းနှိမ်နင်းရေး တာဝန်ခံ ရဲမှူးကြီး Suphachai Harnkhamlha၊ ဒုတိယ စုံစမ်းစစ်ဆေးရေးမှူး၊ Pol Lt Col Todsaphorn Prachlert၊ မှုခင်းနှိမ်နင်းရေး စစ်ဆေးရေးအရာရှိ၊ Pol Lt Col Kongjak Thongsian နဲ့ စုံစမ်းစစ်ဆေးရေးအရာရှိ၊ Pol Lt Col Prawit Kongchumphol တို့ဖြစ်ကြပြီး အရာရှိတွေကို အောက်တိုဘာ ၃ ရက်နေ့က MPD 1 ဌာနချုပ်ရှိ စစ်ဆင်ရေးစင်တာကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။
Ref: Bangkok Post
Photo: Bangkok Post