အောက်တိုဘာလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်လက်အောက်ခံ မြို့နယ်အုပ်ရေးမှူးရုံး ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေထံမှသိရပါတယ်။
အောက်တိုဘာလ ၂ ရက်နေ့ ည ၁၁ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ် လက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို နယ်မြေခံတော်လှန်ရေးအင်အားစုမှ ဒရုန်းဗုံးသီး ၂ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီး တစ်ဦးက ပြောပါတယ်။
“ညကဒရုန်းလာတယ်ကွယ် ဆိပ်ကြီးမှာ ၂ လုံး တစ်ယောက်ကတော့ခြေထောက်ထိတယ်လို့ပြောတယ် အခြေနေတော့ မသိရသေးဘူးမယကမှာကျတယ် အဲ့မှာဆိုရင်တော့ရဲဘော်တွေပဲထိမှာပေါ့ ရဲဘော်တွေပဲ ကင်းစောင့်တာဆိုတော့” သူကပြောပါတယ်။
အခုလို စစ်ကောင်စီတပ်စွဲထားတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ရဲ့ ဗျူဟာကုန်းကနေလက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး အနီးအနားကျေးရွာက ရွာစပ်တွေမှာ ကျရောက်ပေါက်ကွဲခဲ့သလို စစ်ကောင်စီတပ်ရဲ့ ထိခိုက်သေဆုံးမှုကို အတိအကျ မသိရှိရသေးဘူးလို့ နောက်ထပ်ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“တပ်ကပြန်ပစ်တယ်ဗျုဟာကနေ ရွာတွေမှာကျတယ် အိမ်တွေတော့မထိဘူး ရွာစပ်တွေမှာကျတယ် ဒရုန်းကလည်း ရုံးဟောင်းကိုကျတာ ရုံးသစ်မှာဆိုပွဲပြီးပြီး ရုံးသစ်နဲ့ ရုံးဟောင်းက သိပ်မဝေးဘူး ညပိုင်ဆို အသစ်ဘက်ကိုပြောင်းနေတယ် မနက်ကြရင်တော့ အဟောင်ဘက်မှာနေကြတယ် ရုံးမှာ ရဲဘော်တွေဘဲနေတယ် အသစ်မှာ တောရုံးအုပ်ရှိတယ် အဟောင်းမှာကရုံက လူတွေမနေကြ တော့ဘူး”လို့သူပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့စက်တင်ဘာလ ၁ ရက်နေ့ ဗျူးဟာမှူးအသစ်ပြောင်းရွှေ့လာပြီးနောက် ကြာအင်းဆိပ်ကြီးမြို့တွင်း စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်နဲ့ နေကောညပါ ကင်းလှည့်တာတွေ ပြုလုပ်နေသလို အသစ်ပြောင်းရွှေ့လာတဲ့ ဗျူဟာမှူးကလည်း နယ်မြေခံ တော်လှန်ရေးအင်အားစုတွေကို စိန်ခေါ်သံတွေထွက်ပေါ်နေတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဇူလိုင်လ ၁၆ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ဒရုန်းနဲ့ဗုံကြဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်သွားလာသူတွေကို စစ်ကောင်စီတပ်ဘက်မှ သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါသေးတယ်။
ကရင်ပြည်နယ်ဒေသတွင်းမှာ ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလအထိကို ဘားအံနဲ့ လှိုင်းဘွဲ့မြို့နယ်တွေမှအပ ကျန်မြို့နယ် ၅ ခုမှာ စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေ၊ ဌာနဆိုင်ရာရုံးတွေ၊ စစ်ကောင်စီစစ်ကြောင်းယာဥ်တန်းတွေကို ကြားဖြတ်တိုက်ခိုက်တာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)