စက်တင်ဘာ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
အလုပ်သမား ဦးစီးဌာနသည် ဥပဒေအရ တားမြစ်ပိတ်ပင်ထားသော ကန့်သတ်အလုပ်ကို နိုင်ငံခြားသားများ လုပ်ကိုင်ခြင်းအား တက်ကြွစွာ နှိမ်နင်းလျက်ရှိသည်။
အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Pairoj Chotikasatien က ပြည်တွင်းဈေးကွက်အတွင်း ကုန်သွယ်မှုပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်ဖောက်ကားနေသည့် နိုင်ငံခြားသားများနှင့် ကြုံတွေ့နေရသည့် ထိုင်းစျေးသည်များ၏ စိုးရိမ်ပူပန်မှုများကို မကြာသေးမီက မီဒီယာများက မီးမောင်းထိုးပြခဲ့ကြောင်း ဖော်ပြခဲ့သည်။
အဆိုပါလုပ်ငန်းများသည် ထိုင်းနိုင်ငံရှိ အဓိကစီးပွားရေးနေရာများတွင် အစားအသောက်ရောင်းချခြင်းနှင့် စီးပွားရေးလုပ်ငန်းများ ထူထောင်ခြင်းတို့ ပါဝင်ပြီး ထိုင်းနိုင်ငံသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများကို ထိပါးလာခြင်းကိုပြောခြင်းဖြစ်သည်။ အစားအသောက်ရောင်းချခြင်းလုပ်ငန်းသည် ဥပဒေအရ နိုင်ငံခြားသားများအတွက် ကန့်သတ်ထားသော အလုပ်အကိုင် ၂၇ ခုတွင် ပါဝင်ပါသည်။
အလုပ်ပါမစ်မပါဘဲ နိုင်ငံခြားအလုပ်သမားများနှင့် ရွှေ့ပြောင်းအလုပ်သမားများပါ၀င်သည့် “အလုပ်အကိုင် လုယူခြင်း” ကို အလုပ်သမားဦးစီးဌာနမှ တက်ကြွစွာ စုံစမ်းစစ်ဆေးလျက်ရှိသည်။
အဆိုပါ လုပ်ဆောင်မှုကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များ၊ ခရီးသွားရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးဦးစီးဌာနတို့ အပါအဝင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
ရှောင်တခင်စစ်ဆေးခြင်းများကို ဘန်ကောက်မြို့ရှိ အချက်အချာဖြစ်သော စီးပွားရေးဇုန်များဖြစ်သည့် Yaowarat၊ Huai Khwang၊ Ratchaprasong Intersection ပြုလုပ်ခဲ့ပြီး
နိုင်ငံခြားလူဦးရေသိသိသာသာရှိသော ပြည်နယ်များဖြစ်သည့် နမ့်သဘူရီ၊ ချင်းမိုင်၊ ချွန်ဘူရီ၊ နာခွန်ပထုန် နှင့် ရနောင်း ပါဝင်သည် ။
ရလဒ်အနေဖြင့် ၂၀၂၃ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားသား အလုပ်သမား ငှားရမ်းသည့် လုပ်ငန်း စုစုပေါင်း ၅၃၇၃၂ ခုကို စစ်ဆေးခဲ့ပြီး အလုပ်ရှင် ၁၅၈၇ ဦးကို ဥပဒေအရ အရေးယူခဲ့ပြီး နိုင်ငံခြားသား ၅၂၈၆၈၃ ဦးကို စစ်ဆေးခဲ့ရာ တရားမဝင်လုပ်ကိုင်သူပေါင်း ၃၄၆၄ ဦး ရှိကြောင်း သိရသည်။
အဆိုပါနိုင်ငံတွင်းစီးပွားရေးကို ဗရုတ်ဒုက္ခဖြစ်စေသောကိစ္စတွင် မြန်မာနိုင်ငံသား ၁၈၅၀ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၆၃၆ ဦး၊ လာအို ၅၆၂ ဦး၊ ဗီယက်နမ်လူမျိုး ၁၄၅ ဦး၊ အခြားနိုင်ငံမှ ၂၇၁ ဦးတို့ပါဝင်ပီး စုစုပေါင်း တားမြစ်ထားသော အလုပ်များ လုပ်ကိုင်သည့် နိုင်ငံခြားသား ၁၆၃၄ မှုထိ ရှိနေကြောင်း ဖော်ပြထားသည်။
ထိုင်းအလုပ်သမားဦးစီးဌာန၏ စီစစ်ကြပ်မတ်မှုများကြောင့် နိုင်ငံရေးအရခိုလှုံနေကြသူများ ၊ ရရာအလုပ်လုပ်ကြရသောမြန်မာနိုင်ငံသားများအနေဖြင့်လာမဲ့ ၂၀၂၄ တွင် အလုပ်အကိုင်ရှားပါးအကြပ်ရိုက်မည့်ပြဿနာများ ကြုံရနိုင်ချေပိုများလာနိုင်သည်။
Ref : Pattaya Mail
Photo : Pattaya Mail
People’s Radio Myanmar