စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့မှာ ဗျူဟာမှူးအသစ်ပြောင်းရွှေ့လာပြီးနောက်ပိုင်း စစ်ကောင်စီ တပ်ဘက်မှ မြို့တွင်းလုံခြုံရအင်အားတွေတိုးမြှင့်ထားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ ဒေသခံတွေရဲ့ ပြောပြချက်အရသိရပါတယ်။
စက်တင်ဘာလ ၁ ရက်နေ့မှာ ကြာအင်းဆိပ်ကြီးကဗျူဟာကုန်းကို ဗျူဟာမှူးအသစ် ပြောင်းရွှေ့လား ပြီးနောက် စစ်ကောင်စီတပ်က အင်အား ၃၀ ကျော်လောက်နဲ့ မနက် ၁၀ ဝန်းကျင်မှာတစ်ကြိမ်၊ ညနေ ၅ နာရီလောက်မှာတစ်ကြိမ် တစ်နေ့နှစ်ကြိမ်လောက်ကို ကင်းလှည့်စစ်ဆေးတာတွေကိုပြုလုပ်နေတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကင်းတွေတော့အတော်လှည့်နေတယ် နေရောညရောပဲ ကား ၂ စီး လူအယောက် ၃၀ ကျော်ကျော် လောက်ရှိတယ် ၁၀ ခွဲလောက်ရှိမယ် ၂ စီးနဲ့လှည့်တယ်၊ ၅နာရီလောက်ဆိုလည်း လှည့်တယ် အခုနောက်ပိုင်း လက်နက်ကြီးပစ်တာမရှိတော့ဘူး ပစ်တာကတော့ငြိမ်နေတယ်” လို့ သူကပြောပါတယ်။
ဒါ့အပြင် အသစ်ပြောင်းလာတဲ့ ဗျူဟာမှူး ဇေယျာလင်းဆိုသူမှာလည်း နယ်မြေခံ တော်လှန်းရေး အင်အားစုတွေကို စိန်ခေါ်သံတွေလည်းထွက်ပေါ်သလို သူကိုယ်တိုင် Mark 2 ကားတစ်စီးနဲ့ ကြာအင်းဆိပ်ကြီးမြို့တွင်းမှာ တစ်နေကုန်လှည့်ပတ်နေတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရမ်မိတယ်လို့ ကြာအင်းဆိပ်ကြီးမြို့ဒေသခံတွေပြောပါတယ်။
“ဗျူဟာစိန်ခေါ်ထားတာကိုကြားတယ် အဲ့ဒီဗျူဟာကလေ ကားတစ်စီးနဲ့ တစ်နေကုန်ပတ်နေတာ ကားမှန်ကြီးချပြီး ညနေ ၆ နာရီထိ နေ့တိုင်းပဲသူ့ကိုတွေ့တာ သူပြောင်းလာပြီးမှ သူပဲစိန်ခေါ်တာ ပထမပြောင်းသွားတဲ့ဗျူဟာမှူးကအေးဆေးပဲ တံခွန်တိုင်ပြီးရင် ကြာအင်းဆိပ်ကြီးဆိုပြီး မြို့ထဲအသံတွေ ထွက်နေတယ် ကြောက်တဲ့သူတွေကလည်း တော်တော်ကြောက်နေကြတယ် ပြေးရှောင်နေကြတာလဲ ရှိတာပေါ့” လို့ သူကပြောပါတယ်။
နယ်မြေခံတော်လှန်ရေးအင်အားစုတပ်ဖွဲ့ဝင်တစ်ဦးကတော့ “အရင်တုန်းက ကြာအင်းဘက်ကို တော်တော်လေး ထိန်းချုပ်နိုင်တဲ့သူလို့ကြားတယ် ကြာအင်းအပိုင်းမှာအရင်က ကိုင်တွယ်တာ ကြမ်းတယ်ပေါ့ သူကိုကြာအင်းဘက်ကို ထိန်းချုပ်ဖို့ပြန်လွတ်လိုက်တာလို့ တော်လှန်ရေးအင်အားစုကို စိန်ခေါ်တာ မခေါ်တာတော့မသိဘူး” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့တုန်းကလည်း စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေဖြစ်တဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ဒရုန်းနဲ့ဗုံကြဲတိုက်ခိုက်ခံရပြီးနောက် ညနေ ၆ နာရီ နောက်ပိုင်း အပြင်ထွက်သွားလာသူတွေကို စစ်ကောင်စီတပ်ဘက်မှ သေနတ်တွေနဲ့ လိုက်လံ ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါသေးတယ်။
စက်တင်ဘာလ ၁ ရက်နေ့ ကြာအင်းဆိပ်ကြီးဗျူဟာကုန်းကို ရိက္ခါ လက်နက်ခဲရမ်းသယ်လာတဲ့ ရဟတ်ယာဥ်နဲ့အတူ ဗျူဟာမှူးလိုက်ပါလာတဲ့ ရဟတ်ယာဥ် ၂ စီးကိုလည်း Cloud Wings ဒရုန်းတပ်ဖွဲ့အတူ ပူးပေါင်းတပ်ဖွဲ့တို့က လက်နက်ကြီးနဲ့ လိုက်လံပစ်ခတ်ခဲ့သေးတယ်လို့ တော်လှန်ရေးအင်အားစုရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)