စက်တင်ဘာလ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်
Cyber Crime Investigation Bureau (CCIB) ရဲတပ်ဖွဲ့သည် လောင်းကစားလုပ်ငန်းတွင် ဒုတိယရဲချုပ် Pol Gen Surachate “Big Joke” Hakparn ပါဝင်ပတ်သက်သည်ဟု စွပ်စွဲပြီးနောက် ဘန်ကောက်မြို့ရှိ ၎င်း၏အိမ်ကို တနင်္လာနေ့ နံနက်ပိုင်းက ရှာဖွေခဲ့သည်။ ရှာဖွေမှုသည် “Big Cleaning Day” ဟု အမည်ပေးထားသည့် စစ်ဆင်ရေး စီမံချက်ကြီးဖြစ်သည်။
တရားရုံးရှာဖွေရေးဝရမ်းပါရှိသည့် ဆိုက်ဘာမှုခင်းရဲတပ်ဖွဲ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနခွဲနှင့် မြို့တော်ရဲတပ်ဖွဲ့ အထူးစစ်ဆင်ရေးကွန်မန်ဒိုများမှ ရဲတပ်ဖွဲ့တို့ လိုက်ပါသွားခဲ့ကြောင်း သိရသည်။ဖမ်းဝရမ်းအရ ရဲတပ်ဖွဲ့ဝင်များနေသည့် အိမ်ရာ အနောက်ဘက်ရှိ Soi Vibhavadi 60 ရှိ နေအိမ်ငါးလုံးကို လက်အောက်ငယ်သားများအတွက် Pol Gen Surachate မှ ဝယ်ယူခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များသည် နံနက် ၈ နာရီခန့်တွင် ရဲများရောက်ရှိလာချိန်တွင် ဒုရဲချုပ် ဆူရာချက်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ လက်ထောက်တပ်မှူးရာထူးကို သုံး၍ လာရောက်စုံစမ်းသည့်ရဲများကို ၎င်း၏အိမ်အတွင်းသို့ ဝင်ခွင့်မပြုခဲ့ကြောင်း သိရသည်။
ရှာဖွေရေး အဖွဲ့သည် CCIB ကော်မရှင်နာ Pol Lt Gen Voravat Watnakhonbancha ရောက်ရှိလာပြီး ရှာဖွေဝရမ်းနှင့်ပတ်သက်၍ Pol Gen Surachate နှင့် ဆွေးနွေးစေရန် စောင့်ဆိုင်းနေခဲ့ပြီး Pol Lt Gen Voravat ရောက်ရှိလာပြီးနောက်မှသာ ဒုရဲချုပ် ဆူရာချက်က ရှာဖွေခွင့်ကို ခွင့်ပြုခဲ့သည်။
ဒုရဲချုပ် ဆူရာချက်နှင့် ဆက်နွယ်နေသော လက်အောက်ငယ်သား ရဲတပ်ဖွဲ့ဝင်များ၏ အိမ်များကိုလည်း လာအိုတွင်အခြေစိုက်ထားသော ထိုင်းဘတ်ငွေ တစ်ဘီလီယံ လည်ပတ်နေသော Online Game လိမ်လည်မှုနှင့် ပတ်သတ်လျက်ရှိနေသည်ဟူသော စွပ်စွဲချက်ဖြင့် ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက်CCIB ရဲတပ်ဖွဲ့သည် ငွေကြေးလွှဲပြောင်းမှုများကို စုံစမ်းစစ်ဆေးရာတွင် တရားရုံးအား ရှာဖွေဖမ်းဆီ ဖမ်းဝရမ်းထုတ်ရန် လုံလောက်သော သက်သေအထောက်အထားများ တွေ့ရှိခဲ့သောကြောင့် ဒုရဲမှူးချုပ် အပါအဝင် ဆက်နွှယ်လျက်ရှိသော လက်အောက်ငယ်သားများကို စုံစမ်းမေးမြန်းမှူတစ်ချို့ ပြုလုပ်ရန် ရဲတပ်ရင်း (၅)ရုံးချုပ်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။
ဒုရဲမှူး ဆူရာချက်က နေအိမ်၌ ရှာဖွေရှာတွင် ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊နေအိမ်ရှာဖွေရှာ၌ မသင်္ကာစရာ တရားမဝင်သည့်အချက်များကိုမတွေ့ရှိရခဲ့ကြောင်း ၊ မည်သူဆီကမှ ငွေများကို လက်ခံထားခြင်းမရှိကြောင်း၊ သူ့လက်အောက်ငယ်သားများလည်း ငွေလိမ်လည်မှု၌ ပါဝင်လိမ့်မည်မဟုတ်သည်ကိုယုံကြည်ကြောင်းနှင့်စုံစမ်းစစ်ဆေးမှုများအပြီးတွင်လည်း မိမိ၏ရာထူးအတိုင်း အလုပ်ဆက်လုပ်သွားမည်ဖြစ်ကြောင်း ဖြေကြားထားသည်ကိုလည်း သိရှိရသည်။
Pol Gen Surachate သည် စက်တင်ဘာလကုန်တွင် Pol Gen Damrongsak Kittiprapas အငြိမ်းစားယူပြီးသည့်နောက် အမျိုးသားရဲချုပ်ရာထူးကို ရယူလိုသည့် ဒုတိယရဲချုပ် လေးဦးထဲမှ တစ်ဦးဖြစ်သည်။လာမယ့်ဗုဒ္ဓဟူးနေ့မှာ ထိုင်းနိုင်ငံ အမျိုးသားရဲတပ်ဖွဲ့ရဲ့ ၁၄ ဦးမြောက်ရဲချုပ်ကို ရွေးချယ်ခန့်အပ်မှာဖြစ်တယ်။
ဒါကြောင့် သူတို့အချင်းချင်းကြားမှာလည်း ပြိုင်ဆိုင်မှုတွေ ထောင်ချောက်ဆင်မှုတွေ အုပ်စုဖွဲ့မှုတွေအများကြီးရှိနေတတ်ပါတယ်။
အခုရက်ပိုင်းမှာ ရဲချုပ်အသစ်တဦးဖြစ်လာမှာကြောင့် ရာထူးရရခြင်းမှာ အာဏာလက်စွမ်းပြတဲ့အနေနဲ့ စစ်ဆင်ရေးအသစ်တွေနဲ့ ဖမ်းဆီးမှုတွေလုပ်ဆောင်လျက် မီဒီယာတွေရဲ့အာရုံစိုက်မှုခံရအောင်လုပ်တာကလည်း ၎င်းတို့၏လုပ်ရိုးလုပ်စဉ်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
အရင်နှစ်ကခန့်အပ်ခံလိုက်ရတဲ့ ယခု လက်ရှိရဲချုပ်ဟာလည်း ရာထူးရပြီး တပတ်အတွင်းမှာပဲ ဘန်ကောက်တဝိုက်နှင့် နယ်စပ်တွေက တရားမဝင်လက်နက်ဖမ်းဆီးမှုတွေကိုလုပ်ဖို့ အမိန့်ပေးဆောင်ရွက်ခဲ့တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီပို့မယ့် လက်နက်ရာချီပြီးအဖမ်းခံခဲ့ရမှုများလည်း ရှိခဲ့ကြောင်း ထပ်ဆောင်းသိရှိရပါသည်။
Ref : Bangkok Post
Photo : The Pattaya News Agency