စက်တင်ဘာလ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်းအစိုးရသစ်က ဝင်ငွေမညီမျှမှုကို လျှော့ချဖို့နဲ့ စီးပွားရေးကို လှုံ့ဆော်ပေးတဲ့ စီမံချက်တွေအတွက် ဝင်ငွေတိုးဖို့ ကြိုးပမ်းနေတာကြောင့် ပြည်ပဝင်ငွေဆိုင်ရာ အခွန်စည်းမျဥ်းတွေကို ရှေ့လျှောက် တင်းကြပ်တော့မှာ ဖြစ်ပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ သီတင်းပတ်က ပြည်ပဝင်ငွေဆိုင်ရာ တင်းကျပ်တဲ့ စည်းမျဉ်းကို ထုတ်ပြန်ခဲ့ပြီး ဝန်ကြီးချုပ် Srettha Thavisin က တနင်္လာနေ့မှာ ပြုလုပ်ခဲ့တဲ့ စီးပွားရေးဖိုရမ်မှာ ပြောကြားခဲ့တာပါ။
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အသက်ဝင်မဲ့ စည်းမျဉ်းသစ်က ထိုင်းနိုင်ငံအတွင်း လက်ရှိနေထိုင်သူဖြစ်ပြီး အနည်းဆုံး ရက်ပေါင်း ၁၈၀ အထိ နေထိုင်ပြီးပါက အာဏာပိုင်တွေထံသို့ နိုင်ငံခြားဝင်ငွေကို အခွန်စဆောင်ရလိမ့်မှာဖြစ်တယ်လို့ ထိုင်းအခွန်ဦးစီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဥပဒေပညာရှင်တွေရဲ့အဆိုအရ၊ မူဝါဒအတွက်ူ အကြုံးဝင်တဲ့ နိုင်ငံခြားဝင်ငွေပေးဆောင်ရမဲ့ အဓိက ၃ ခုမှာ- နိုင်ငံခြားစတော့ရှယ်ယာဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားနေထိုင်သူတွေ၊ နိုင်ငံခြား ပွဲစားတွေ၊ cryptocurrency ကုန်သည်တွေနဲ့ ထိုင်းနိုင်ငံသားတွေက နိုင်ငံခြားဝင်ငွေတွေကို Offshore Acc ဖြင့်တစ်နှစ်ထက်ပိုပြီး သိမ်းဆည်းပြီးနောက်ပိုင်း နိုင်ငံအတွင်းကို အခွန်ကင်းလွတ်ခွင့်ရရှိစေမဲ့ ကွက်လပ်တစ်ခုကို အသုံးချနေတဲ့ ထိုင်းလူမျိုးတွေ အတွက် ရည်ရွယ်တယ်လို့ဖော်ပြထားပါတယ်။
ပြည်ပမှ ၀င်ငွေရရှိတဲ့ ထိုင်းနိုင်ငံတွင်းနေထိုင်သူတွေအနေနဲ့ ရရှိတဲ့နိုင်ငံခြားဝင်ငွေစုစုပေါင်းကို နှစ်အလိုက်မဟုတ်ဘဲ ကိုယ်ပိုင်ဝင်ငွေခွန် ဆောင်ရမှာဖြစ်တယ်လို့ အခွန်ဦးစီးဌာနက စက်တင်ဘာလ ၁၅ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ယခင်နည်းဥပဒေတွေအရ နိုင်ငံခြားဝင်ငွေရရှိတဲ့နှစ်အတွင်း ထိုင်းနိုင်ငံကို ပိုက်ဆံလွှဲမှသာ အခွန်ကောက်ခံဖို့ ခွင့်ပြုထားတာပါ။ ပိုမိုတင်းကြပ်လာတဲ့ အပြောင်းအလဲက သူတို့ရဲ့ပြည်ပဝင်ငွေကို လွှဲပြောင်းဖို့ နှောင့်နှေးကြသူတွေ တစ်နည်းအားဖြင့် အခွန်ရှောင်ကြတဲ့ နည်းလမ်းတွေကို ပိတ်ပင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။
Ref: Bangkok Post
Photo: Bangkok Post