စက်တင်ဘာလ ၁၈ ၊ ၂၀၂၃
ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ၎င်း၏အစိုးရသည် ယခုနှစ်ကုန်တွင် လူနေမှုစရိတ်များ ၊ လျှပ်စစ်မီတာခများ လျှော့ချရန် မူဝါဒများကို ဖြည်းဖြည်းချင်း ချမှတ်ကာ နေ့စဉ်လုပ်အားခမြှင့်တင်ခြင်းအပါအဝင် ကောင်းမွန်သောမူဝါဒများ ပိုမိုချမှတ်သွားမည်ဟု တနင်္လာနေ့တွင် ပြောကြားခဲ့သည်။
ထိုင်းပို့ကုန်များအတွက် ဝယ်လိုအားလျော့နည်းရခြင်းနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုနည်းပါးမှုကို တန်ပြန်ရန်အတွက် Srettha နှင့် ၎င်း၏ ၁၁ ပါတီအစိုးရတို့သည် လယ်သမားများအတွက် အကြွေးဆိုင်းငံ့ထားမှု၊ အနည်းဆုံးလုပ်ခတိုးမြင့်ရေးနှင့် လူငယ်တွေကို ဒစ်ဂျစ်တယ် စနစ်ဖြင့် ထောက်ပံ့မှုကူညီမည့် မူဝါဒများအပါအဝင် လူကြိုက်များသည့်အစီအမံများဖြင့် အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးအဖြစ် ပြန်လည်အသက်သွင်းနိုင်ရန် ကတိပြုခဲ့သည်။
ဟာလာလ်ထွက်ကုန်များကို အဓိကထားကာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းတွင် စိုက်ပျိုးရေးစျေးကွက်သစ်များ ဖွင့်လှစ်ရန်နှင့် မိတ်ဖက်နိုင်ငံများနှင့် လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူညီချက်များ ချဲ့ထွင်လိုသည်ဟုပြောကြားထားသော်လည်း အသေးစိတ်အချက်အလက်များကို ပြောကြားခြင်းမရှိပေ။
အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဖြစ်လဲ နိုင်ငံရေးမျက်နှာသစ်ဖြစ်သူ Srettha သည် ရှင်းလင်းပြတ်သားသော ဦးတည်ချက်မရှိဟု အတိုက်အခံများက ပြောဆိုသည့် မူဝါဒများကြောင့် လွှတ်တော်တွင်း အပြင်းအထန် ဝေဖန်ခံခဲ့ရသည် ။ သို့ပေမဲ့ မူဝါဒတွေသည် ဘဏ္ဍာရေးအရ တာဝန်ယူမှုရှိတယ်လို့ ၀န်ကြီးချုပ်က ပြောပါသည်။
Srettha သည် ယခုသီတင်းပတ်တွင် နယူးယောက်မြို့၌ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်မည်ဖြစ်ပြီး ၎င်း၏ အစိုးရအဖွဲ့သည် ကမ္ဘာ့စင်မြင့်တွင် နိုင်ငံ၏ ကြားနေရပ်တည်ချက်ကို ဆက်လက်ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံသည် တရုတ်-အမေရိက ၂ နိုင်ငံလုံးနှင့်ကောင်းမွန်တဲ့ဆက်ဆံရေးရှိပြီး ကြားနေသဘောထားကိုဆက်လက်ထိန်းသိမ်းသွားခြင်းသည် တစ်နည်းမဟုတ်တစ်နည်း နိုင်ငံအချင်းချင်းမှီခိုခြင်းဟုလည်းပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင်ရန် ၎င်း၏ အမေရိကန်ခရီးစဉ်အတွင်း ထိပ်တန်းစီးပွားရေး အမှုဆောင်အရာရှိများနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။
Ref : Reuters
Photo : Nation Thailand