စက်တင်ဘာလ၁၈ရက်၊ ၂၀၂၃ခုနှစ်
2025-ခုနှစ်လွန် အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုင်ရာ ပထမဆုံး တိုက်ရိုက် ထိတွေ့ဆက်ဆံမှု လုပ်ငန်းစဉ်ကို စက်တင်ဘာ ၁၈ ရက်က ဂျကာတာမြို့ရှိ အာဆီယံရုံးချုပ်တွင် ကျင်းပခဲ့ပြီး အာဆီယံစီးပွားရေးပေါင်းစည်းမှု အဆင့်မြင့်လုပ်ငန်းအဖွဲ့ (HLTF-EI) နှင့် ထိတွေ့ဆက်ဆံ ပါ၀င်ဆောင်ရွက်နေသော ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ကာ အာဆီယံစီးပွားရေးအသိုက်အဝန်း မျှော်မှန်းချက် 2045 နှင့် ၎င်း၏အစီစဉ်များကို တိုးတက်အောင်ဖော်ဆောင်ရာ၌ စီးပွားရေးကဏ္ဍများအဖြစ် ပါဝင်ပံ့ပိုးစေရေး ရည်ညွယ်ခဲ့ကြသည်။
Aus4ASEAN Future မှတဆင့် သြစတြေးလျအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ စီစဉ်ကျင်းပသော အစည်းဝေးသည် HLTF-EI အဖွဲ့ဝင်များ၊ ဒေသတွင်းစီးပွားရေးအသင်းအဖွဲ့များ၊ အမျိုးသားစီးပွားရေး လုပ်ငန်းရှင်များနှင့် အာဆီယံအခြေခံစီးပွားရေးလုပ်ငန်းများမှတဆင့် AEC 2045 ဖြစ်နိုင်သော ဦးစားပေးလုပ်ငန်းများအပေါ် အမြင်ချင်းဖလှယ်ရန် စည်းဝေးကြခြင်းဖြစ်သည်။
စီးပွားရေးအသိုက်အဝန်းမှ ကိုယ်စားလှယ်များသည် AEC 2045 ရည်မှန်းချက်များနှင့် ဦးစားပေးအစီအစဉ်များ ရေးဆွဲရာတွင် ပါဝင်ပတ်သက်သူများ ပါဝင်လာစေရန် အာဆီယံ၏ အပြုသဘောဆောင်သောဖိတ်ကြားမှုအပေါ် ကျေးဇူးတင်ကြောင်း တင်ပြကြသည်။
အာဆီယံ၏ စီးပွားရေး ပေါင်းစည်းမှု ကြိုးပမ်းမှုမှ လက်တွေ့ကျသော အကျိုးကျေးဇူးများ ရရှိစေမည့် AEC 2045 အစီအစဉ်ကို စီးပွားရေး အသိုင်းအဝိုင်းကမျှော်မှန်းချက်နှင့် အညီ လက်တွေ့ကျလာစေရန်၊ အာဆီယံ၏ စျေးကွက်ဝင်ရောက်ခွင့် အတားအဆီးများကို လျှော့ချပြီး ရရှိလာမည့်တိုးတက်မှုကို အသိအမှတ်ပြုရန် တောင်းဆိုဆွေးနွေး တိုင်ပင်ခဲ့ကြသည်။
Ref : ASEAN News
Photo : ASEAN News