ဩဂုတ်လ ၂၂ ရက်၊၂၀၂၃ ခုနှစ်
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆန်အိတ်သယ်ဆောင်ခွင့်ကို အပြီးသတ်ပိတ် လိုက် တယ်လို့ ကျေးရွာနေ ဒေသခံတွေထံမှ သိရပါတယ်။
ထားဝယ်မြို့အရှေ့တောနယ်ဒေသကို ပြီးခဲ့တဲ့နှစ် ဇူလိုင်လ ပထမ အပတ်မှ စတင်ကာ ဆန်အိတ်သယ်ဆောင်ခွင့်ကို ပိတ်ထားသော်လည်း ဒေသခံကားသမားတွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ကြား နားလည်မှုနဲ့ ဆန်အိတ်သယ်ယူမှုတွေရှိခဲ့ပြီး ယခုလ ဩဂုတ်လ ပထမအပတ် မှစတင်ပြီး ဆန်အိတ်သယ်ဆောင်ခွင့်ကို လုံးဝပိတ်ပင်လိုက်တာ ဖြစ်တယ်လို့ ကျေးရွာရှိဒေသခံတစ်ဦးကပြောသည်။
ဒေသခံတစ်ဦးက “တချို့ရွာတွေဖက်က ကျတော့ ရွာသူကြီးက တိုင်းရင်းသားဝန်ကြီးလက်မှတ်နဲ့ နယ်လုံဝန်ကြီးလက်မှတ်ယူပြီး သယ်ပေးနေတာတွေတော့ရှိတယ်။ ဒါပေမဲ့အခုဆိုရင် စစ်တပ်က ပိတ်လိုက်တော့ ရွာမှာဆန်တောင်မရှိတော့ဘူး။ ရွာသားတွေက ကျပ်တည်းနေရတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က အခုလို ဆန်အိတ်သယ်ယူခွင့်ကို ရက်အကန့်အသတ်မရှိပိတ်လိုက်တာကြောင့် ဆန်ကို မှောင်ခို သယ်ဆောင်တဲ့လုပ်ငန်းတွေ ပိုမိုများပြားလာပြီး ဈေးကြီးပေးဝယ်စား နေရတယ်လို့ အရှေ့တောနယ်ဒေသရှိ ခမောင်းသွယ်ကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။
“ဆန်မရှိတော့ ဆန်မှောင်ခိုသယ်တာကို ဈေးကြီးပေးပြီး ဝယ်စား နေရတယ်။ ဆန်ကြမ်းက တစ်သိန်းလောက်ရှိနေပြီး။ ၁၈ ပြည်အိတ်ကို ပြီးခဲ့တဲ့လတုန်းက ၇၅၀၀၀ ပေးရတယ်။ ဆန်ဈေးက တစ်နေ့ထက် တစ်နေ့တတ်နေတာဆိုတော့ မှောင်ခိုဈေးကပိုကြီးမှာ။ အခုချိန်မှာ စကစက PDFကို တောနင်းရှာနေတာဆိုတော့ ဆန်ရဖို့က ပိုခက်သွား တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သြဂုတ်လ ၂၀ ရက်နေ့ညကလည်း အရှေ့တောနယ်ဒေသရှိ ပခပ်ရွာလမ်းမှစတင်ကာ တောလမ်းအတိုင်း စစ်ကြောင်းထိုးပြီး ဒေသခံတွေ လူသားဒိုင်းအဖြင့် ဖမ်းဆီးခေါ်ဆောင် သွားတာတွေကို ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသအတွင်း နေထိုင်သူတွေ ပြောစကားအရ သိရပါတယ်။
Photo – CJ
Phar Si Than (People’s Radio Myanmar)