သြဂုတ်လ ၁၉ ရက်၊ ၂၀၂၃ ခုနှစ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့အနီးတဝိုကမှာ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနယ်မြေစိုးမိုးရေးနဲ့ လုပ်ပိုင်းအတွင်း စစ်ဆေးတာတွေကို သြဂုတ်လ ၁၈ ရက်နေ့မှာ လုပ်ဆောင်ခဲ့တယ်လို့ Kyaiktho Revolution Force ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သိမ်ဇရပ်မြို့အနီးက ကမ်းနီတိုးဂိတ် ၊ပုဂံဘုရား၊သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်နဲ့သိမ်ဇရပ်မြို့အဝင်တို့မှာ KNU/KNLA ၊ KRF၊ ဝံပုလွေနက်စစ်ကြောင်းအဖွဲ့နဲ့အတူ ကျိုက်ထိုပကဖ ပူးပေါင်းတပ်ဖွဲ့တို့ကနေ နယ်မြေစိုးမိုးရေးနဲ့ လမ်းပိုင်းအတွင်း စစ်ဆေးရေးလုပ်ငန်းတွေကို မနက် ၇ နာရီကနေ မနက် ၁၁ နာရီ အချိန်ထိ လုပ်ဆောင်ခဲ့တယ်လို့ Kyaiktho Revolution Forceမှတာဝန်ရှိ သူတစ်ဦးကပြောပါတယ်။
“လမ်းပိုင်းကတော့ မနက် ၇ နာရီကနေပြီးတော့ စစ်ဆေးရေးတွေ လုပ်တယ်၊ သိမ်ဇရပ်ကနေ ကမ်းနီးတစ်ကြောလုံးပေါ့ အဲ့ဒီလမ်းပိုင်းတစ်ခုလုံးကို နယ်မြေစိုးမိုးရေးနဲ့ စစ်ဆေးရေး စစ်ဆေးတာက ကြားထဲစစ်ဆေးတာတွေတော့ရှိတယ် ဒါကတော့ နည်းနည်းထင်ထင်ပေါ်ပေါ်စစ်ဆေးတာပေါ့ တစ်ခါတစ်လေ တချို့လမ်းပိုင်းတွေမှာ အဖွဲ့တွေစောင့်ပြီး စစ်ဆေးတာမျိုးတွေရှိတယ်ဒ ါကတော့ပထမဦးဆုံးပေါ့”လို့သူကပြောပါတယ်။
မနက် ၁၁ နာရီ လမ်းပိုင်းစစ်ဆေးပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနီးကပ်လာရောက်ပစ်ခတ်တိုက်ခိုက်တာမျိုးတော့မရှိဘူးလို့သူကဆက်ပြောပါတယ်။
“စစ်ကောင်စီတပ်ဘက်ကတော့ လက်နက်ကြီးပစ်တာတော့ ရှိတယ်ပေါ့နော် သူတို့မလာဘူး ထိပ်တိုက်လာတွေ့တာတော့မ ရှိဘူးပေါ့နော် ပုံမှန်ကတော့ ၂၀၇ ကပစ်မယ် အဲ့ဒီဘေးမှာ ၃၁၀ ဆိုတဲ့ အမြှောက်တပ်ရှိတယ်၊ ပုံမှန်ပစ်နေကြနေရာကတော့ မုပ္ပလင်လမ်းဆုံဂိတ် မှာ လက်နက်ကြီးထိုင်ထားတာရှိတယ် နောက် လက်ပံပင်သင်္ချိုင်းပေါ့နော် အဲ့ဒီဘက်ကလို့ယူဆလို့ရတယ် သူတို့ပစ်တာကတော့ ၁၀ လုံး လောက်ရှိတယ်” လို့သူကပြောပါတယ်။
ကမ်းနီတိုးဂိတ်မှာ နယ်မြေခံပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့တွေ လမ်းပိုင်းအတွင်း စစ်ဆေးတာတွေကို ပြုလုပ်နေတယ်လို့ လမ်းပိုင်းအတွင်းခရီးသွားလာရင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောပါတယ်။
“ကြုံပါတယ် အရင် သိမ်ဇရပ်လမ်းဟောင်း ကမ်းနီတိုးဂိတ်ဆိုတာရှိတယ် အဲ့နေရာက ကျွန်တောတို့ တလရအဖွဲ့ရဲ့ နယ်မြေကလူတွေပါဘဲ မပလ စစ်တောင်း ကမ်းနီ သိမ်ဇရပ်အနီးအနားကပါ မနက်၁ ၀နာရီလောက်ပေါ့” လို့သူကပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီ အချိန်တုန်း ကလည်း မုပ္ပလင်ဘုရားကုန်းနဲ့ သင်္ချိုင်းကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားကို နယ်မြေခံ ပြည်သူ့ကာကွယ်ရေးပူးပေါင်း တပ်ဖွဲ့တွေက ၄၀ မမနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
အခုလို လမ်းပိုင်းမှာစစ်ဆေးနေတာဟာ သိမ်ဇရပ်မြို့နယ် တစ်ခုထဲ မဟုတ်ပဲ မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈)လမ်းမကြီး၊ ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်က လမ်းပိုင်းတချို့နဲ့ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်က လမ်းပိုင်းတွေမှာပါ စစ်ဆေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဇွန်လနဲ့ ဇူလိုင်လတုန်းကလည်း လမ်းပိုင်းအတွင်းစစ်ဆေးနေချိန် နှစ်ဖက်ထိတွေပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်လို့ KNLA သတင်းအရင်းမြစ် တွေရဲ့ပြောဆိုချက်အရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s radio myanmar)