သြဂုတ်လ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ အုန်းယိုင် Big-C နောက်ကျောက ဘောလုံးကွင်း ၃ ကွင်းမှာ အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်း ရံပုံငွေဘော လုံးပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပသွားမယ်လို့ သိရပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့ မနက် ၉ နာရီအချိန်မှာ ရံပုံငွေဘောလုံးပွဲကို ကျင်းပသွားမှာဖြစ်ပြီး ရရှိလာတဲ့ ရံပုံငွေတွေကို ပဲခူးတိုင်း ခရိုင် ၈ ခုမှာရှိတဲ့ တော်လှန်ရေးအင်အားစုတွေကို ကူညီထောက် ပံ့ပေးနိုင်ဖို့ အတွက်ဖြစ်တယ်လို့ ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်သူ ကိုထင်ကျော်ကပြောပါတယ်။
“ဒီပဲခူးတိုင်း ခရိုင် ၈ ခုမှာရှိတဲ့ တော်လှန်ရေး အင်အားစုတွေကို ကူညီ ထောကပံံ့နိုင်ဖို့ဖြစ်ပါတယ်၊ပြီးတော့လည်း အဲ့လိုကျင်းပရခြင်းအားဖြင့် ကျွန်တော်တို့ ထိုင်းနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ အလုပ်သမားတွေနဲ့အတူ စည်းစည်းလုံးလုံးနဲ့ တော်လှန်ရေးမှာ တတက်တအားပါဝင်နိုင်အောင် စုပေါင်းကျင်းပရခြင်းဖြစ်ပါတယ်”လို့ သူကပြောပါတယ်။
ရံပုံငွေဘောလုံးပြိုင်ပွဲအတွင်း ပါဝင်ယှဥ်ပြိုင်မဲ့ အမျိုးသား ဘောလုံးအသင်း ၂၇ သင်းနဲ့ အမျိုးသမီးဘောလုံးအသင်း ၆ သင်းတို့ ပါဝင်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး အမျိုးသားအသင်းတွေကိုတော့ ဆု ၄ ဆုပေးအပ်သွားကာ အမျိုးသမီးအသင်းကိုလည်းဆု ၄ ဆုပေးအပ် သွားမှာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
“အမျိုးသားအသင်းက ၂၇ သင်းရှိပါတယ် ဆုကတော့ အမျိုးသားအသင်းကို ၄ ဆုပေးပါတယ် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထပေါ့၊ ပထမအ မျိုးသားအသင်းဆုမှာဖလားရယ်၊ ဆွဲပြားရယ်၊ ဂုဏ်ပြုမှတ်တမ်းရယ်၊ ငွေသား ၃၀၀၀ ပေါ့နော် ၊ဒုတိယကျတော့ ဖလားရယ်၊ ဆွဲပြားရယ်၊ ဂုဏ်ပြုမှတ်တမ်းရယ် ငွေသား ၂၀၀၀ ပေါ့ တတိယကျတော့ငွေသားမပါတော့ဘူး၊ အမျိုးသမီးအသင်းက အားလုံး ၆ သင်း ဂုဏ်ပြုငွေက ပထမဆုကို ငွေသား ၂၀၀၀ ပါတယ် ၊ဒုတိယဆု ၁၀၀၀ ပါတယ် ဖလား ၊ဆွဲပြား ၊အမေစုပုံပါ ဂုဏ်ပြုမှတ်တမ်း၊ငွေ သားဆုပေါ့”လို့ သူကပြောပါတယ်။
အခုလို ရံပုံငွေပွဲဘောလုံးပွဲမှာ ပါဝင်ယှဥ်ပြိုင်တာဟာ ပဲခူးတိုင်းအတွင်း အမှတ်တကယ် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေ အတွက်ကိုတစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီပေးနေတာဖြစ်ပြီး တိုင်းရင်းသားပြည်သူတွေအနေနဲ့လည်း နွေဦးတော်လှန်ရေးကို သွေးမအေးအောင် လှုံ့ဆော်တဲ့အနေနဲ့ ယှဥ်ပြိုင်ရခြင်းဖြစ်တယ် ပါဝင်ယှဥ်ပြိုင်သူ အမျိုးသမီးတစ်ဦးကပြောပါတယ်။
ပါဝင်ယှဥ်ပြိုင်သူအမျိုးသားတစ်ဦးကလည်း “တော်လှန်ရေးရဲဘော်တွေ အတွက် ပြုလုပ်တဲ့ပွဲဖြစ်တာကြောင့်မို့လို့အ ဝေးကနေပြီးတော့ သွားရောက်ယှဥ်ပြိုင်ဖြစ်တာပေါ့ တချို့ဆိုရင်တော်လှန်ရေးထဲမှာ ကိုယ်ကျိုးတွေစွန့်ပြီး လုပ်နေတဲ့သူတွေလည်းရှိတယ် အခွင့်ရေး လိုချင်လို့ လုပ်နေကြတဲ့သူတွေလည်းတွေ့နေရတယ် စစ်မှန်တဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စိတ်ဝမ်းမကွဲပဲ တော်လှန်ရေးပြီးတဲ့အထိ သွားစေချင်တယ် သန္ဓေမမှန်တဲ့ သူတွေကိုလည်း လုပ်သင့်လုပ် ချုပ်သင့်ချုပ် လုပ်စေချင်တယ်၊ မင်းအောင်လှိုင်ကလည်း သူနဲ့ သူ့လက်အောက်ကလူတစ်စုအတွက်ပဲ လုပ်နေတာပေါ့နော် မင်းအောင်လှိုင်မရှိလေကောင်းလေပဲ”လို့ သူက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ ပဲခူးတိုင်းအသင်းမှာ ဖွဲ့စည်းထားတာ ၄ လ ခန့်သာ ကြာမြင့်သေးပေမဲ့ ပဲခူးတိုင်း အပါအဝင် မြန်မာအနိုင်ငံအတွင်းက တော်လှန်ရေးအင်အားစုတွေကို လှူဒါန်းလာတာဟာ ငွေကျပ် သိန်း ၁၀၀ နီးပါးအထိရှိလာပြီဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းက ရွှေ့ပြောင်းမြန်မာအလုပ်သမားကို အသင်းဝင်ကြေး အနေနဲ့ မြန်မာငွေ သုံးသောင်းသတ်မှတ်ထားပေမဲ့ နိုင်သလောက် ပါဝင်လှူဒါန်းနိုင်ပြီး မြေပြင်တော်လှန်ရေးအင်အားစုတွေကို လှူဒါန်းနိုင်ဖို့ အတွက် ရံပုံငွေပွဲတွေပြုလုပ်တာ၊ T -shirt တွေကိုရောင်းချတဲ့ငွေတွေကို မြေပြင်တော်လှန်ရေးအင်အားစုတွေကို ပြန်လှည်လှူဒါန်းနေတာ ဖြစ်တယ်လို့ သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ပုံဟောင်း
Phar Si Than (People’s Radio Myanmar)