Messi ရဲ့ပဉ္စလက်ကကြိုးတွေ နဲ့ ကွာတားဖိုင်နယ်ရောက်သွားတဲ့ အင်တာမီယာမီ
Dallas 4-4 Inter Miami
(Penalty 3-5)
ဒီပွဲမှာလည်း Messi ဟာ 2ဂိုးသွင်းပြီး အသင်းကို နောက်တစ်ဆင့်ကို ပို့ဆောင်နိုင်ခဲ့ပြန်ပါပြီး။အဖွင့်ဂိုးကို သွင်းပေးခဲ့သလို ပွဲပြီးခါနီး မှာ 4-4 ဖြစ်စေမဲ့ Freekick ဂိုးကိုပါ သွင်းယူပေးခဲ့တဲ့အတွက် ပွဲချိန်အတွင်း သရေကျခဲ့ပြီး ပယ်နယ်တီဆက်ကန် ရပါတယ်။ပယ်နယ်တီ ကန်ရာမှာလည်းလီယိုနယ်််််မက်ဆီဟာ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး Dallas ကွင်းလယ်လူ Pomykal ပယ်နယ်တီ လွဲချော်ခဲ့လို့ 5-3 ရလဒ်နဲ့အင်တာမီယာမီ တို့ နောက်တစ်ဆင့်တက်ရောက်သွားပါတယ်။အခုဆိုရင် Messi ဟာ 4ပွဲကစား 7ဂိုးသွင်း ပြီး အောက်ဆုံးရောက်နေတဲ့ အသင်းကို အကောင်းဆုံးပြန်လည််တွန်းတင်နေပြီးဖြစ်ပါတယ်။