ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ရဲ့ အမှုတချို့ကို စစ်ကောင်စီ လွတ်ငြိမ်းပေး ကြောင်းထုတ်ပြန်
အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေထဲက အမှုတချို့ကို ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ဩဂုတ်လ ၁ ရက် ဒီနေ့မှာ ကြေညာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ရဲ့ အမှုတချို့ကိုလည်း ပြစ်ဒဏ်ကနေ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ ဆိုပါတယ်။
သို့ပေသော်လည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ၏ ဆက်လက်တရားရင်ဆိုင်ရန် အမှု ၁၀ အထက်မနည်း ကျန်ရှိနေသေးကြောင်း တရားရုံး အချက်အလက်များအရ သိရပါတယ်။
စစ်အာဏာသိမ်းစစ်ကောင်စီက ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးက အကျဉ်းထောင် အသီးသီးမှာရှိတဲ့ အကျဉ်းသား၊ သူ ၇၇၄၉ ဦးကိုလည်း လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန် ကြေညာထားပါတယ်။