
ဘန်ကောက်၊ ဇူလိုင်၊ ၁၆
ထိုင်းရွေးကောက်ပွဲမှာ မဲအများဆုံးအနိုင်ရခဲ့တဲ့ move forward ပါတီခေါင်းဆောင် ပီတာ လင်ဂျက သူ့အနေနဲ့ လာမယ့် သီတင်းပတ်အတွင်း ကျင်းပမယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ အောင်မြင်မှုမရပါက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူလိုတဲ့ အစီအစဉ်ကို ပြန်ရုတ်သိမ်းသွားမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ပီတဟာ ဇူလိုင် ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်အသစ် ရွေးချယ်ပွဲမှာ လွှတ်တော်အတွင်း မဲခွဲ ဆုံးဖြတ်ချိန် လုံလောက်တဲ့ ဆန္ဒမဲ မရခဲ့ဘဲ စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေရဲ့ ကန်ကွက်မှုတွေကို ရင်ဆိုင်ခဲ့ရတာပါ။
ဒါကြောင့် ဇူလိုင် ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် ဝန်ကြီးချုပ်အသစ်ရွေးချယ်ပွဲမှာ ထပ်မံ ရှုံးနိမ့်ခဲ့ပါက ညွန်ပေါင်းအဖွဲ့ အတွင်း ပါဝင်တဲ့ ဖြူထိုင်းပါတီကို ဝန်ကြီးချုပ်ရာထူး ယှဉ်ပြိုင်နိုင်ဖို့ လွှဲပြောင်း ပေးအပ်သွားမယ့် ဆိုပါတယ်။
ရှေ့သို့ချီပါတီ နဲ့ ပါတီခေါင်းဆောင်တို့ဟာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးချိန်ကာလအတွင်း ထိုင်းဘုရင်စနစ်အပေါ် ဝေဖန်သူတွေကို ပြစ်ဒဏ်ပေးတဲ့ဥပဒေကို ပြင်ဆင်ပြောင်းလဲမယ်လို့ ကြွေးကြော်ခဲ့ရာ အထက်လွှတ်တော်ကိုယ်စားလှယ်များနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့တာပါ။
ထိုင်းလွှတ်တော်မှာ လွှတ်တော်နှစ်ရပ်ရှိနေပြီး အောက်လွှတ်တော်မှာ ပြည်သူတွေက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ပေါင်း ၅ဝဝ ရှိပြီး အထက်လွှတ်တော်မှာတော့ စစ်တပ်က ရွေးချယ်ခန့်ထားတဲ့ ကိုယ်စားလှယ် ပေါင်း ၂၅၀ ဦး ရှိနေတာပါ။
ပီတာအနေနဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲ ၃၅၀ ကျော် ရရှိဖို့ လိုအပ်နေတာပါ။