
ဇူလှိုင် ၁၆၊ ၂၀၂၃
နန်းယွန်း နဲ့ ရှင်ဗွေယန်ကြား လမ်းပိုင်းတနေရာတွင် တောင်ကျချောင်းရေစီးအားကြောင့် ဆိုးရွားတဲ့မြေပြိုကျမှုတွေ ရှိနေပြီး အဲဒီ မြေပြိုကျမှုကြောင့် လမ်းပိုင်းပြတ်ကျတဲ့အထိ ကြုံနေတယ် လို့ ဒေသတွင်းသတင်းရင်းမြစ် က ဆိုပါတယ်။
“ရှင်ဗွေဘက်က အတက် ၅ မိုင်နားမှာ စမ်းချောင်းကြောင့် မြေသားပြိုကျတာ။ လမ်းက ပျက်တာမဟုတ်ဘူး ပြတ်သွားတာ။ ပေ ၈၀ နဲ့ ၁၀၀ လောက်ရှိမယ်ထင်တယ်။ လောလော ဆယ် တံတားမဆောက်နိုင်လောက်သေးဘူး။ အခုတော့ ဆိုင်ကယ်တွေ တောထဲက တွန်းသင့်တဲ့နေရာတွန်း၊ မ သင့်တဲ့နေရာ မ ပြီးသွားလာရတယ်” လို့ လတ်တလော အဲဒီလမ်းပိုင်းကို ခရီးသွားခဲ့တဲ့ ဒေသခံ တစ်ဦးက ဆိုပါတယ်။
အဲဒီ လမ်းပိုင်းဟာ မိုး စဝင်ကတည်းက မြေပြိုကျမှုဖြစ်နေပြီး မိုးကာလမှာ တောင်ကျချောင်းရေ စီးအားသန်တာကြောင့် မြေပြိုကျတာ ဖြစ်ပါတယ်။ နဂိုကတည်းက တံတားမရှိဘူးလို့လည်း ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။
နာဂဒေသက လမ်းအတော်များများဟာ ၃ ရာသီ သုံး အရည်အသွေးပြည့်မီတဲ့ လမ်းများ နည်းပါးပြီး အထူးသဖြင့် မိုးတွင်းကာလမှာ ရေကြီး မြေပြို မှုကြောင့် တံတားပျက်စီးတာ၊ လမ်းပိုင်းတွေ ပြတ်ကျတာ နဲ့ ရေမြုပ်တာတို့ ဖြစ်လေ့ရှိပါတယ်။ ပြင်ဆင်ထိန်းသိမ်းတဲ့ လုပ်ငန်းစဉ်တွေ အချိန်နဲ့ တပြေးညီဆောင်ရွာက်နိုင်မှု မရှိတဲ့ အတွက် မိုးအကုန် ဆောင်းအကူးကာလအထိ လမ်းခရီးသွားလာရေး ခက်ခဲကြပါတယ်။

#People’s_Radio_Myanmar
#Naga_News
#Traansport_Naga_Region