ဝန်ကြီးချုပ်ရာထူးနဲ့ လွဲချော်ခဲ့တဲ့ Move Forward ပါတီခေါင်းဆောင် ပီတာ
ဘန်ကောက်၊ ဇူလိုင် ၁၃
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်လောင်းအဖြစ် ရေပန်းစားနေတဲ့ Move Forward ပါတီခေါင်းဆောင် ပီတာဟာ ဒီကနေ့ ပြုလုပ်တဲ့ မဲခွဲရွေးချာ်မှုမှာ ရှုံးနိမ့်သွားပါတယ်။
လွှတ်တော်ကို အဆိုပြုခဲ့တဲ့ ပီတာလင်ဂျာရိုရတ်ဟာ လွှတ်တော်တွင်း မဲပေးမှုမှာ လုံလောက်တဲ့ မဲအပြည့်မရခဲ့တာကြောင့် ဝန်ကြီးချုပ်ရာထူးကနေ လွဲချော်ခဲ့တာပါ။
ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် ၃၇၆ မဲ ရရှိရမှာ ဖြစ်ပေမယ့်လည်း ဒီကနေ့ ပြုလုပ်တဲ့ မဲခွဲမှုမှာ မဲအရေအတွက် ၃၂၀ ကျော်ပဲ ရရှိခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ ရရှိတဲ့မဲအရေအတွက်ကို ကြည့်ရင် ထိုင်းဘုရင်စနစ်ပြုပြင်ပြောင်းလဲဖို့ ကြွေးကြော်ခဲ့တဲ့ မစ္စတာပီတာဟာ စစ်တပ်က ခန့်အပ်ထားတဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ ထောက်ခံမဲ မရခဲ့ဘူးလို နိုင်ငံရေးလေ့လာသူတွေက ဆိုကြပါတယ်။
ဓါတ်ပုံ – Crd