ဇူလိုင် ၁၀ရက်၊ ၂၀၂၃ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက
တံခွန်တိုင်ရဲစခန်း၊လျှပ်စစ်ဓာတ်အားခွဲရုံနဲ့ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်က တောင်ကလေးရဲစခန်း ဒရုန်းအပြင် မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇူလိုင်လ ၆ ရက်နေ့မှာ တောင်ကလေးရဲစခန်းနဲ့ တံခွန်တိုင်ရဲစခန်း ကို၆၀မမ၊၈၁ မမနဲ့ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတာကြောင့် တောင်ကလေးရဲစခန်းက ရဲ ၂ ဦးသေဆုံးကာ ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အပြင် ဇွန်လ ၇ ရက်နေ့မှာလည်း တံခွန်တိုင်ရဲစခန်းနဲ့ စစ်ကောင်စီတပ်လက်အော က်ခံလျှပ်စစ်ဓာတ်အားခွဲရုံကို ရှေ့ထွက်မိုင်းတွေ ၆၀မမ၊ ၈၁ မမဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းက စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးကာ ၅ ဥိီးဒဏ်ရာရရှိခဲ့ပြီး လျှပ်စစ်ဓာတ်အားခွဲရုံက ခန့်မှန်းခြေ ကျပ်သိန်း ၂၀၀၀ ခန့်ပျက်စီးခဲ့တယ်လို့ Cloud Wings တာဝန်ခံကိုငြိမ်းကပြောပါတယ်။
“ကြာအင်းဆိပ်ကြီးကတပ် ရဲ စခန်းတော်တော်များများဂျန်ဘာတပ်ဆင်ထားပါတယ်၊ကျနော်တို့ ဒရုန်းက ဂျန်ဘာကျော်ပါတယ်၊၆ ရက်နေ့က တောင်ကလေးရဲစခန်းမှာ ၃ လုံး ၊ တံခွန်တိုင်ရဲစခန်းမှာ ၃ လုံး၊ ၇ ရက်နေ့မှာတော့ တံခွန်တိုင်ရဲစခန်းကို ၆၀ မမ ၂လုံး နောက်ထပ် ရဲစခန်းဝင်းကို ၆၀ မမ၂ လုံး၊ဆိပ်ကြီးဓါတ်အားခွဲရုံ မြေပြင်ရော ဝေဟင်ပါ တိုက်ပွဲမရှိခဲ့ပါဘူး၊အခု ရဲစခန်းပဲဖြစ်ဖြစ် တပ်ပဲဖြစ်ဖြစ်နေ့ရော ညပါ သူတို့ဘက်က counter တုံ့ပြန်ပါတယ်”လို့သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်လက်အောက်ခံ လျှပ်စစ်ဓာတ်အားခွဲရုံ မိုင်းခွဲတိုက်ခိုက်ခံရပြီး ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်း အရင်ကထပ် လုံခြုံရေးပိုမိုတင်းကြပ်လာတဲ့အပြင် ညတိုင်းနီးပါးကျေးရွာဘက်ကို
လက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“အခုအခြေနေကတော့ ကားတွေလှည့်နေတာပေါ့
ညနေ၆ နာရီဆိုရင် ရုတ်ရုတ်ရုတ်ဖြစ်ပြီးကားပိုများလာတယ် ကား ၄ စီးတောင်မှ ပတ်ပတ်လည်လှည့်နေတယ် သူတို့အင်အားအကုန်ပဲလားမသိပါဘူး အင်အားက ၃၀ လောက်တော့ ရှိတယ်၊ ညကတော့လက်နက်ကြီးမပစ်ဘူး ဟို့တနေ့ညကတော့ ချောင်းဝဘက် ၊ ရပ်ကွက် ၆ ဘက် ကိုလှမ်းပစ်တယ်၊သူတို့ကနည်းနည်းညဥ့်နက်မှလက်နက်ကြီးထုတာ”လို့သူကပြောပါတယ်။
ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းကစစ်ကောင်စီတပ်တွေ ၊ရဲစခန်းဝင်းတွေ ၊စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တွေ ၊ စစ်ကောင်စီတပ် သွားလာရာရိက္ခါပို့လမ်းကြောင်းတွေ မကြာခဏဆိုသလို ဗုံးကြဲတိုက်ခိုက်တာ ၊ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ စစ်ကောင်စီတပ်သားတွေ အခုလိုအများအပြားထိခိုက်ဒဏ်ရတာတွေအပြင်သေဆုံးမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၉ရက်နေ့ကနေ ၅ ရက်နေ့အတွင်းကြားအင်းဆိပ်ကြီးမြို့နယ်ထဲက စစ်ကောင်စီတပ်ရဲ့ စခန်း ၃ ခုနဲ့ ဂိတ်၁ ခုတိုက်ခိုက်ခံခဲ့ရတာကြောင့် အရာရှိိဗိုလ်တစ်ဦး၊ တပ်သား ၁ ဦးသေဆုံးခဲ့တဲ့အပြင် စစ်ကောင်စီတပ်သား၅.ဦးထပ်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ အထူးစစ်ဆင်တပ်ဖွဲ့ S.O.Fရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
သတင်း- နော်ဖူးဖူး
ပုံ- Cj
Phar si than (People’s radio myanmar)