ရုန်း (We Struggle) Issue 6/ June
◾ဇူလိုင် ၃ ရက် ၂၀၂၃။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသတွင်းက နေရာတော်တော်များများဟာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရတာ ယနေ့အထိပဲ ဖြစ်ပါတယ်။ ဒေသတွင်းက လူထုနဲ့ စစ်ရှောင်ပြည်သူအများစုဟာ ဆက်သွယ်ရေးအခက်အခဲများ ကြုံရဲ့အပြင် သတင်းအမှောင်ချခံထားရတဲ့ အခြေအနေကိုလည်း တွေ့ကြုံနေရပါတယ်။
“ရုန်း” (We struggle) စာစောင်ဟာ ကရင်နီပြည်နယ်အတွင်းက အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသများမှာ နေထိုင်တဲ့သူတွေအတွက် သတင်းအချက်အလက် ရရှိနိုင်ရေး ရည်ရွယ်ပြီး ထုတ်ဝေတာ ဖြစ်ပါတယ်။ ကျမတို့အဖွဲ့သားတွေအနေနဲ့ ယခုစာစောင်ကို လစဥ် ထုတ်ဝေပြီး စစ်ရှောင်စခန်းတွေ၊ စျေးဆိုင်တွေနဲ့ အခြားအင်တာနက်မရတဲ့ နေရာများမှာ ဖြန့်ဝေထားဖို့ ရည်ရွယ်ပါတယ်။
ဇွန်လအတွင်းက တိုက်ပွဲအခြေအနေများ၊ စစ်ရာဇဝတ်မှုကြောင့် အရပ်သားသေဆုံးမှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ KSCC နဲ့ ဆက်သွယ်မေးမြန်းမှုများ၊ အပါအ၀င် အခြား အကြောင်းအရာများကို ယခုစာစောင်အတွင်း ဖတ်ရမှာဖြစ်ပါတယ်။
“ရုန်း” (We struggle) လစဥ် စာစောင်ကို မနက်ဖြန်က စတင်ပြီး ဒီးမော့ဆိုအနောက်ခြမ်းက အင်တာနက်မရတဲ့ စစ်ရှောင်စခန်းများနဲ့ စျေးဆိုင်များ၊ ဆက်လက်ပြီး ကရင်နီဒေသတွင်းက စစ်ရှောင်များကို စားဝတ်နေရေး၊ ပညာရေး နဲ့ ကျန်းမာရေးစောင့်ရှောက်မှု လှည့်လည်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့များဖြစ်တဲ့ KHAI ၊ JFK၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ နဲ့ mobile ဆေးအဖွဲ့တို့က တဆင့် ဖြန့်ဝေသွားပါမယ်။
ကျမတို့အနေနဲ့ လက်လှမ်းမမှီတဲ့ စစ်ရှောင်စခန်းများ ရှိပါက page messenger ကို ဆက်သွယ်နိုင်သလို ကူညီဖြန့်ဝေလိုပါကလည်း မူရင်း PDF file ကို မျှဝေသွားပါမယ်။
-Karenni’s Voice (People’s Radio Myanmar)
#ရုန်း #Westruggle #စာစောင် #Issue6 #June