
– ဇွန် ၁၈ ရက် ၂၀၂၃။
ဇွန် ၁၆ ရက်က စတင်လို့ စစ်ကောင်စီဟာ ဖားဆောင်းအရှေ့ဘက်ခြမ်းကို အင်အား ၁၂၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖားဆောင်း PDF ထံက သိရပါတယ်။
“စစ်တပ်က အင်အား ၁၂၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာပါ၊ ခုခံတိုက်ခိုက်နေတဲ့ထဲမှာ ကျတော်တို့ ဖားဆောင်း PDF, ဘောလခဲ PDF, လွိုင်ကော် PDF နဲ့ EAO ၂ ဖွဲ့ ပါပါတယ်” လို့ ဖားဆောင်း PDF ပြန်ကြားရေးတာဝန်ရှိသူက Karenni’s Voice ကို ပြောပြခဲ့ပါတယ်။
ဇွန် ၁၄ ရက် ည ၇နာရီခန့်ကလည်း ဖားဆောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့တော့ သိရပါတယ်။ ဖားဆောင်းဒေသခံ အချို့ တိမ်းရှောင်နေရပြီ ဖြစ်ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ဆက်လက်ပြောပြခဲ့ပါတယ်။
“ကျွန်တော်လည်း လူဦးရေ အသေးစိတ် မသိဘူးဗျာ၊ ဖားဆောင်းမြို့ထဲလည်း သတင်းကြားတာနဲ့တချို့ရှောင်ကုန်ကြတယ်” လို့ ၎င်းကဆက်လက်ပြောပြခဲ့ပါတယ်။
ဖားဆောင်းမြို့ဟာ တနှစ်ခွဲကျော်ကြာကာလအတွင်း ယခုအကြိမ်မှ တိုက်ပွဲပြန်လည်ဖြစ်ပွားတာဖြစ်ပါတယ်။
– Karenni’s Voice (People’s Radio Myanmar)
Photo – ဖားဆောင်း PDF (ပုံဟောင်း)
မေလ ဘောလခဲမြို့တိုက်ပွဲအတွင်း ဖားဆောင်းPDF ရဲဘော်တဦး