ဇွန်လ ၈ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ရပ်ကွက်တစ်ခုက ဒေသခံပြည်သူတွေကို စစ်ကောင်စီတပ်မှ ၇ ရက်အတွင်း ပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံပြည်သူတွေမှာ အခက်ခဲတွေနဲ့ကြုံတွေ့နေရတယ်လို့ ဒေသခံတွေထံမှသိရပါတယ်။
ဇွန်လ ၆ ရက်နေ့မှာ စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ အိမ်ခြေ ၄၀ ဝန်းကျင်ရှိတဲ့ အမှတ် ၆ ရပ်ကွက်အတွင်းက ဒေသခံပြည်သူတွေကို ၇ ရက်အတွင်း ပြောင်းရွှေ့ခိုင်းတာကြောင့် ဒေသခံတွေဟာ ကြားအင်းဆိပ်ကြီးမြို့ပေါ်ရှိ မူကြိုကျောင်းအနောက်ဘက်နဲ့ ရေးဘေးစင်တာတွေမှာ သွားရောက်နေထိုင် နေကြရတယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
“မနေ့ကစစ်ကောင်စီက မြို့ထဲမှာအခု ဘာမှမဖြစ်ပေမဲ့ လန့်နေကြတာပေါ့ ရှောင်ခိုင်းတာကတော့ ရပ်ကွက် ၆ တစ်ခု တစ်ရပ်ကွက်ပဲ လူဦးရေကတော့ ရာချီတာပေါ့ သူတို့တွေက မူကြိုကျောင်း အနောက်တွေမှာတဲထိုးနေကြတယ်၊ သူတို့က လက်နက်ကြီးနဲ့ပစ်ထုတ်ရင် အဲ့ဒီဘက်ကိုပဲကျတယ်လေ ဝင်ပေါက်ကလည်း အဲ့မှာတစ်ပေါက်ပဲရှိတယ်” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်က ကြာအင်းဆိပ်ကြီးမှာ ညတိုင်းနီးပါလက်နက်ကြီးနဲ့ပစ်ခတ်နေတာကြောင့် မြို့ပေါ်ရှိ ဒေသခံပြည်သူတချို့ဟာ နေအိမ်အတွင်းမနေရဲ့ကြတော့ပဲ မဏိရတနာဘုန်းကြီးမှာ စစ်ဘေးတိမ်းရှောင် နေကြတယ်လို့ သူကဆက်ပြောပါတယ်။
“အိမ်တွေကိုသိပ်စိတ်မချရဘူး၊ အိမ်တွေကမလုံခြုံတော့ အိမ်မလုံဘူးဆိုတော့ ဘုန်းကြီးကျောင်း မှာလာအိပ်ကြတယ်၊ နေ့ဘက်တော့ပြန်ကြတာပေါ့ ဒီမှာ လေးဆယ် ငါးဆယ်လောက်ရှိတယ်၊ ဖြစ်တဲ့နေ့ကတည်းက လာရှောင်နေကြတာ အခုကဘုန်းကြီးကျောင်းကပဲဒိုင်ခံကျွေးတာပေါ့ လာလှူတာမျိုးတော့မရှိဘူး” လို့ သူကပြောပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ရပ်ကွက် (၆) ရပ်ကွက်ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့မှာ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးတွေခိုက်ခံရပြီးနောက် အခုလို ၇ ရက်အတွင်း ပြောင်းရွှေ့ခိုင်းတာလည်းဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)