
ဇွန်လ ၄ ရက် ၂၀၂၃
နွေဦးတော်လှန်ရေး အစကနေ ဒီကနေ့အထိ သွေးအေးမသွားတဲ့စစ်ကိုင်းတိုင်းအတွင်းက မြေပြင်တော်လှန်ရေးအင်အားစုတွေ စုဖွဲ့မှုနဲ့ စစ်ကိုင်းဖိုရမ် တစ်ရပ်ကို ဇွန်လ ၃၀ နဲ့ ၃၁ ရက်၂ ရက်တာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဖိုရမ်ကို NUG၊ NUCC အပါအဝင် အဖွဲ့အစည်းပေါင်း ၃၀ကျော်က သဝဏ်လွှာတွေကို ပေးပို့ခဲ့ပြီး အဲဒီ ဖိုရမ်ကို တော်လှန်ရေး အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ၂ ရက်တာ ဖိုရမ်ကနေ ရရှိခဲ့တဲ့ သဘောထားဆွေးနွေးချက်တွေကို အနှစ်ချုပ် ထုတ်ပြန်နိုင်ခဲ့ပြီး အဲဒီ သဘောထားအနှစ်ချုပ်ကိုအခြေခံကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်လက် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ဖိုရမ် ဒုတိယအကြိမ်ကို ဆက်လက် ပြုလုပ်မယ်လို့ အဲဒီဖိုရမ်ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ပထမအကြိမ်ဖိုရမ်ကို ပါဝင်တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့ တိုင်းအတွင်းက တော်လှန်ရေး အစုအဖွဲ့တွေကို ပွင့်လင်းမြင်သာစွာ ထပ်မံဖိတ်ခေါ်ဆောင်ရွက်သွားမယ်လို့ ဖိုရမ်ရဲ့ တရားဝင် စာမျက်နှာပေါ်ကနေလည်း ဖော်ပြထားပါတယ်။
Naga News
Photo from SF page