▪️ဇွန် ၁ ရက်၊ ၂၀၂၃။
ယနေ့ (ဇွန် ၁ ရက်) မနက် ၄:၀၀ အချိန်ခန့်မှာ မိုးဗြဲမြို့ အနောက်ခြမ်းက ကယန်းပြည်သစ်တပ်မတော် KNLA ရဲ့ လုံခြုံရေးဂိတ်အပါအဝင် ငါးနေရာကို စစ်တပ်က လေယာဉ် (၅) စီးနဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ KMIC ထံက သိရပါတယ်။
“မနက် ၄နာရီလောက်ကနေ ၅ နာရီလောက်အထိ လေယာဉ် ၅ စီးနဲ့ ဗုံးလည်းကြဲတယ်၊ ပစ်လည်း ပစ်တယ်ပေါ့။ မိုးဗြဲထဲက စက်တော်ရာ၊ လွယ်လုံ၊ မြေနီကုန်း အဲဒီ ၅ နေရာလောက်က ကယန်းပြည်သစ်ရဲ့ လုံခြုံရေးဂိတ်တွေ တိုက်ခိုက်ခံရတာပါ။ အရပ်သားတွေတော့ မထိပါဘူး။” လို့ KMIC ရဲ့ တာဝန်ရှိသူက Karenni’s Voice ကို ပြောပြပါတယ်။
မေ ၂၃ ရက်နဲ့ ၂၈ ရက်တွေမှာလည်း စစ်ကောင်စီက မိုးဗြဲမြို့ကို လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၃ ဦးသေဆုံး ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ် ၄ လုံး ပျက်စီးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
▪️Karenni’s Voice (People’s Radio Myanmar)
Photo – MBPDF