မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊ဘားအံမြို့ ဇွဲကပင်တောင်ခြေရှိ Zwekabin Valley ဟိုတယ်အတွင်း ကျင်းပခဲ့တဲ့ ဒူးရင်းသီးပွဲတော်အတွင်းက ဒူးရင်းသီးအလုံး ၅၀၀ ကျော် ၁ နာရီအတွင်းမှာပဲ ကုန်ခဲ့တယ်လို့ ဒူးရင်ပွဲတော်စီစဥ်သူ ညီသုတသစ်သီးပွဲရုံ ပိုင်ရှင်ကပြောပါတယ်။
မေလ ၂၇ ရက်နေ့ နေ့လည် ၁၂ အချိန်ဝန်းကျင်အချိန်က Zwekabin Valley ဟိုတယ်အတွင်း ဒူရင်းသီးပွဲတော်ကျင်းပခဲ့ကာ လာရောက်စားသုံး ဆောင်သူများပြားခဲ့တာကြောင့် ဒူရင်းသီး အလုံး ၅၀၀ ကျော် ၁ နာရီအတွင်း ကုန်ခဲ့တဲ့အပြင် ဒူရင်းသီးအလုံးရေ မလောက်ခဲ့တာကြောင့် မသုံးဆောင်ခဲ့ရတဲ့ ဧည့်သည် ၂၅ ယောက်ကိုလည်း ငွေပြန်လည်ပေးဆောင်ခဲ့ရတယ်လို့ သူကပြောပါတယ်။
“ပွဲမှာ လာစားကြတဲ့သူတွေက ၁၅၀ လောက်ရှိတယ် အမှန်တကယ်စားသွားတဲ့သူတွေက ၁၃၀ ကျော်ရှိပါတယ်၊ လာစားတဲ့သူတွေကိုလေ ၁၂ နာရီ ထိကနေ ၃ နာရီထိ သတ်မှန်ထားပေမဲ့ ၁၁ ခွဲလောက် ကတည်းက လူအယောက် ၁၀၀ လောက် ကကြိုရောက်နေပြီ ၁၂ လောက်ကျတော့ စကျွေးတာပေါ့၊ အမှန်ဆိုရင် ကျွန်တော် ဒူးရင်းသီးအလုံးကြီးပေါ့ ၁ ယောက်ကို ၅ လုံးနှုန်းနဲ့စီစဥ်ထားပါတယ်၊ ဒါပေမဲ့လည်း ၁ နာရီအတွင်းမှာဘဲ ၅၀၀ ကျော်ကုန်သွားတော့ တချို့လက်မှတ်ဖြတ်ထားတဲ့ သူတွေအတွက် မလုံလောက်ဘူး မလောက်တော့ဧည့်သည် ၂၅ ယောက်ကို သေချာပြောပြပြီးတော့ refund ပြန်ပေးခဲ့ရတယ်ဗျ” လို့ သူကပြောပါတယ်။
ဒူးရင်းသီဘူးဖေးပွဲတော်ကို လာရောက်စားသုံးသူ ၁ဦးကလည်း “စားလို့တော့ အဆင်ပြေတယ် ကောင်းတယ် အဆင်ပြေတယ် ကျွန်တော်တော့သဘောကျတယ်၊ အဲ့ဒီနေ့က အလုံးရေက တော်တော်များတယ်၊ မရှိဘူးဆို ၅၀၀ ကျော် ၆၀၀ လောက်ရှိတယ် ဒါပေမဲ့လည်း အစောကြီး ကုန်သွားတယ် ကျွန်တော်ကတော့ စောင့်ပြီးတော့ ကိုစားလာခဲ့တယ်း စားရတဲ့ဒူးရင်းသီးတွေကလည်း တော်တော်လေးကောင်းတယ်” လို့ သူကပြောပါတယ်။
ဒူရင်းသီးအဝစားပွဲတော်အတွင်း ဒူးရင်းသီအလုံးရေ ၅၀၀ ကျော်အပြင် ဒူးရင်းသီးကီလိုဝက် ဗူး ၁၅၀ မင်းဂွတ်သီး အလုံး ၃၀၀ နဲ့ ကြက်မောက်သီး ၃၆ ကီလိုကိုလည်း ဒူးရင်းသီးဘူဖေးပွဲတော့အတွင်း လာရောက်တဲ့ ဧည့်သည်တွေကို ဧည့်ခံကျွေးမွေးခဲ့တယ်လို့ဆိုပါတယ်။
ဧည့်ခံကျွေးမွေးတဲ့ သစ်သီးတန်ဖိုးပေါင်း ၄၃ သိန်းကျော်ကုန်ကျခဲ့ပြီး အခုလို ပွဲတော်ဖြစ်မြောက်ရေး အတွက် စုစုပေါင်း ၅၅ သိန်းကုန်ကျခဲ့ကာ လက်မှတ်ရောင်းရငွေမှာ ၂၂ သိန်းကျော် ပြန်လည်ရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကျင်းပခဲ့တဲ့ ဒူးရင်းသီးပွဲတော်အတွင်း လာရောက်စားသုံးသူ ၇၅ ယောက်သာ ရှိခဲ့ပေမဲ့ အခု ၂၀၂၃ ခုနှစ်မှာတော့ ၁၅၀ လာရောက်သုံးဆောင်ခဲ့တဲ့အပြင် ဇွန်၊ ဇူလိုင်၊ သြဂုတ်လ ခလည်သီး (သစ်သီးသမားအခေါ်အဝေါ်) ထွက်ရှိတဲ့အချိန်မှာလည်း ဒူရင်းသီးဘူဖေးပွဲတော်ကို ထပ်မံကျင်းပသွားမယ်လို့ ညီသုတသစ်သီးပွဲရုံပိုင်ရှင်ကပြောပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)