

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလာလဲတောင်ကြောပေါ်က တိုက်ပွဲများအတွင်း မေ ၂၀ ရက်က ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတဦးကို Free Burma Ranger-FBR အဖွဲ့က ဆေးဝါးစောင့်ရှောက်မှုပေးခဲ့တယ်လို့ FBR က ယနေ့ (မေ ၂၇ ရက်)မှာ သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါသုံ့ပန်းကို မေ ၂၀ ရက်က နှုတ်ခမ်းနဲ့မေးစေ့တဝိုက်မှာ ဒဏ်ရာများနဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထိန်းသိမ်းရရှိခဲ့တာပါ။
ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မေ ၁၄ ရက်မှ ၂၃ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးကာ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် ၈ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဖမ်းဆီးရမိတယ် လို့ KNDF က ထုတ်ပြန်ထားပါတယ်။


Photo – FBR၊ Karenni’s Voice