မေလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဖောင်းကြွနံပါတ်ပြားတပ်ဆင်ထားခြင်းမရှိဘဲ မြို့တွင်းမြို့ပြင် သွားလာနေတဲ့ကားတွေကိဖမ်းဆီးကာ ငွေကြေးသိန်းဂဏန်းထိ တောင်းနေကြတယ်လို့ ဘားအံမြို့ ဒေသခံတွေနဲ့ ကားဖမ်းဆီးခံရသူတွေထံမှ သိရပါတယ်။
မေလ ၂၂ ရက်နေ့မှာ ကုန်းလမ်းပို့ဆောင်ရေးဦးဌာနက လဲလှယ်တပ်ဆင်ခိုင်းထားတဲ့ ဖောင်းကြွ နံပါတ်ပြားတွေကို တပ်ဆင်ထားခြင်းမရှိဘဲ မြို့တွင်းမြို့ပြင်သွားလာနေတဲ့ကားတွေကို စစ်ကောင်စီတပ် လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ဖမ်းဆီးနေတာဖြစ်ပြီး လက်မှတ်ထိုးကာ ဒဏ်ငွေသုံးသောင်းကျပ်ပေးဆောင်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မေလ ၂၃ ရက်နေ့မှာတော့ ဖမ်းဆီးခံရတဲ့ကားတွေကို ငွေကြေး သုံးသိန်းကျပ်အထိ တောင်းခံနေတယ်လို့ ဖမ်းဆီးခံရသူတစ်ဦးက ပြောပါတယ်။
“မောင်းလိုင်စင် မပါလို့ဖောင်းကြွမဟုတ်လို့ ၃ သိန်းတောင်းတယ်၊ ၇ သောင်းပဲ ပါတာကို မရဘူးလုပ်လို့ သုံးဘီးငှားပြီး ပိုက်ဆံလာပြန်ယူရတယ် အခုလောဆယ် မောင်းလိုင်စင် နဲ့ ဖောင်းကြွနံပါတ်ပြားကို စစ်တာပါ အဲ့ဒါစုံရင် ပေးဖြတ်တယ် Without ကားလည်း တခြားဖမ်းခံရတာတွေလည်းရှိတယ် ဘယ်နှစီးလဲတော့မသိလိုက်ဘူး လူကစိတ်လှုပ်ရှားပြီး သူတို့ရစ်တာခံနေရတော့၊ ရဲ၊ စစ်သား၊ Pc၊ ယာဥ်ထိန်းတွေပေါ့၊ ခန့်မှန်းအယောက် ၁၅၊ ၂၀လောက်ရှိတယ်” လို့သူကပြောပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာအဖွဲ့အစည်းတွေဟာ အရင်က ဇွဲကပင်ပလာဇာရှေ့၊ မဲဘောင်ဈေးရှေ့ဘက်တွေနဲ့ ဘားအံမြို့လမ်းစုံလမ်းခွတွေမှာသာ ဖမ်းဆီးနေပေမဲ့ ယခုအခါ ရတနာဒီပ အောင်နန်းနဲ့ တောင်ကလေးအကျော် ၂၀၂ စစ်တပ်အရှေ့မှာပါ အဖွဲ့စုံစောင့်ဖမ်းနေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မေလ ဒုတိယအပတ်လောက်ကနေစတင်ပြီး ဘားအံမြို့တွင်း လိုင်စဥ်မဲ့ယာဥ်တွေ ဖမ်းဆီးထားတာကို ရပ်နားထားကာ စစ်ကောင်စီတပ်လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန အတွင်း ဖောင်းကြွနံပါတ်ပြားတွေကို ၇၀၀၀၀ ကျပ်နဲ့လုပ်ဆောင်ပေးနေတယ်လို့ဆိုပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေဖောင်းကြွနံပါတ်တပ်ဆင်ထားခြင်းမရှိတဲ့ ကားတွေကိုဖမ်းဆီတာဟာ စစ်ကောင်စီတပ်ကသင်္ကြန်ကာလမှာ ဘာအံမြို့အတွင်း လူစည်ကားစေရန် မဏ္ဍပ်တွေဆောက်လုပ်ခြင်း၊ ကျသင့်ငွေများ လမ်းလျှောက်သင်္ကြန်ပွဲတော်ပြုလုပ်ခိုင်းသည့်ကို အထက်အရာရှိတွေက ပေးအပ်တာမျိုးမရှိတာကြောင့် အခုလို ရရာနည်းလမ်းနဲ့ ကုန်ကျငွေတွေကို ပြန်လည်ရှာဖွေနေတာဖြစ်တယ်လို့ စစ်ကောင်စီတပ်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ နီးစပ်သူတွေပြောပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)