မေလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်
ပဲခူတိုင်း၊ တောင်ငူ-သံတောင်လမ်းပိုင်းက ၄ မိုင်ဂိတ်ကို ဖြတ်သန်းသွားလာနေတဲ့ ဒေသခံပြည်သူတွေမှာ ပါလာတဲ့ငွေကြေးတွေကို စစ်ကောင်စီတပ်သားတွေ အတင်းအဓမ္မသိမ်းယူတာတွေပြုလုပ်နေကြတယ်လို့ သံတောင်မြို့ဒေသခံတွေထံမှသိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့လောက်ကနေစပြီး အဆိုပါဂိတ်ကနေဖြတ်သန်းသွားလာနေတဲ့ ဒေသခံပြည်သူတွေဆီကနေ ပါလာတဲ့ငွေကြေးတွေကို စစ်ကောင်စီတပ်က စစ်ဘေးရှောင် ထောက်ပံ့ကြေးရတယ်ဆိုကာ ပါလာသမျှငွေကြေးတွေကို သိမ်းယူနေတာဖြစ်တယ်လို့ သံတောင်မြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“တောင်ငူ-သံတောင်လေးမိုင်ဂိတ်မှာ စစ်တပ်တွေက ပြည်သူဆီ ငွေတောင်းတာမဟုတ်ပဲ သိမ်းတာအထူးသဖြင့် တောင်ပေါ်ကလာသူတွေဆီကတောင်ပေါ်ကလာသူတွေကို စစ်ဘေးရှောင်လို့ ထောက်ပံကြေးရတယ်ဆိုပြီးတော့ ပိုက်ဆံ ပမာဏများများပါလာသူတွေဆီက သိမ်းတာ ဒီကိစ္စက ဧပြီ ၂၄ရက်ကနေစပြီးဖြစ်တာ ”လို့သူကပြောပါတယ်။
ဧပြီလ နောက်ဆုံးအပတ်တုန်းကလဲ အသက် ၅၀ အရွယ်အမျိုးသားတစ်ဦးကို ဆိုင်ကယ်လိုင်စင်မပါတဲ့ အကြောင်းပြချက်နဲ့ သံတောင်-တောင်ငူဂိတ်မှာ ဖမ်းဆီးခဲ့ပြီးနောက် ယခုအချိန်ထိ ပြန်မလွှတ်သေးပဲ ဖမ်းဆီးထားကာ ငွေကြေးသိန်း ၄၀ နဲ့ လာရွေးခိုင်းခဲ့တာကြောင့် မိသာစုဝင်တွေ သွားရွေးခဲ့ပေမဲ့ ပြန်မလွှတ်ပေးခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။
“ဆိုင်ကယ်လိုင်စင်မပါလို့ဆိုပြီး လေးမိုင်ဂိတ်မှာဖမ်းကြတာပါ အသက်၅၀လောက်ရှိတဲ့ ဦးလေးတစ်ယောက်ကိုဖမ်းတာ အခုအချိန်ထိမလွတ်သေးဘူး၊ ပြီးတော့သိန်း ၄၀ နဲ့လာရွေးခိုင်းတယ်၊ မိသားစုဝင်တွေသွားတွေ့သွားယူတော့လဲပြန်မလွှတ်ပေးဘူး၊ မလွှတ်ပေးရင် ပိုက်ဆံမပေးနိုင်ဘူးဆိုပြီး ပိုက်ဆံယူပြီးပြန်လာခဲ့တယ်လို့” သူကပြောပါတယ်။
ယနေ့အချိန်ထိ သံတောင်-တောင်ငူ ၄ မိုင်ဂိတ်မှာ ဖြတ်သန်းသွားလာတဲ့ပြည်သူတွေထဲက ငွေကြေးအတင်းအဓမ္မသိမ်းယူခံခဲ့ရသူနဲ့ ဖမ်းဆီးခံရသူ ၁၇ ဦးအထိရှိနေပြီး ဖမ်းဆီးခံရသူသုံးဦးမှာလဲ ယနေ့အချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘူးလို့သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ၊ ဧပြီလတွေမှာလည်း သံတောင်မြို့ ၁၃ မိုင်ဂိတ်ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ ဒေသခံပြည်သူတွေ ထိခိုက်ရဒဏ်ရာရရှိတွေအပြင် သေဆုံးသူတွေလည်း ရှိခဲ့ပါတယ်။ သံတောင်-တောင်ငူ ၄ မိုင်ဂိတ်၊ ၇ မိုင်ဂိတ်တွေမှာတွေမှာလည်း ဖြတ်သန်းသွားလာသူတွေကို မေးမြန်စစ်ဆေးတာတွေသာလုပ်ဆောင်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ငွေတွေသိမ်းယူတာတွေအပြင် ဖမ်းဆီးတာတွေပါလုပ်ဆောင်လာတာလဲဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj
Phar Si Than (People’s Radio Myanmar)