မေလ ၉ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ် ၊မြဝတီမြို့နဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ မြဝတီ-မဲဆောက် အမှတ် (၁) တံတားကနေ မဲဆောက်မြို့ဘက်သွားလာသူတွေကို ဌာနဆိုင်ရာအဖွဲ့အစည်းတွေက မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံတာတွေ ပြုလုပ်နေတယ်လို့ မြဝတီ-မဲဆောက် ဖြတ်သမ်းသွားလာနေသူ တွေထံမှ သိရပါတယ်။
စစ်ကောင်စီတပ်လက်အောက်ခံ ရဲဝန်ထမ်းတွေနဲ့လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက တံတားပေါ်ဖြတ်သန်းသွားလာတဲ့ လူငယ်အများစုရဲ့မှတ်ပုံတင်တွေကို သိမ်းဆည်းကာ ပြန်လိုချင်ပါက ငွေကျပ်တစ်သောင်းပေးရမယ်ဆိုပြီ ငွေညစ်တောင်းခံတာတွေရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးကပြောပါတယ်။
“မြန်မာဘက်က ရဲတွေပါလုံခြုံရေးယူထားတဲ့ သေနတ်ကိုင်အစောင့် ရဲတွေ ငွေညှစ်ဖို့ ခြိမ်းခြောက်ညစ်ပါတ်တာပါဘဲ အလုပ်သွားလုပ်မှာ မဟုတ်လား ပြန်မလာဘူးမဟုတ်လား ဒီလိုစကားတွေသုံးပြီး မှတ်ပုံတင်ထားခဲ့ဆိုပြီး ညစ်ပါတ်တာပါ မထားသွားချင် တစ်သောင်းပေးခဲ့ ငွေညှစ်ပါတယ်၊ မြန်မာပြည်ဘက်ရဲနဲ့ လဝက တွေရဲ့ညစ်ပါတ်မှုတွေပါ” လို့ သူကပြောပါတယ်။
မြဝတီမြို့ကနေ မဲဆောက်မြို့ကိုသွားတဲ့အခါမှာ ပုံမှန်မြန်မာငွေကျပ်၂၀၀၀ သာပေးဆောင်ရပေမဲ့ လူငယ်အများစုကိုတော့ မှတ်ပုံတင်သိမ်းယူထားကာ ဓာတ်ပုံရိုက်တာ၊ တုံးထုတာတွေနဲ့ စစ်ကောင်စီတပ် လက်လောက်ခံ ရဲဝန်းထမ်းရှိရာနေရာနဲ့ ကျန်းမာရေးဝန်ထမ်း တွေရှိရာနေရာစုစုပေါင်း ၃ နေရာဖြတ်ရပြီး တစ်နေရာကို မြန်မာငွေကျပ် ၅၀၀၀ ကျပ်ကနေ ၁၀၀၀၀ ကျပ်ထိပေးဆောင်ရတယ်လို့ မြဝတီ-မဲဆောက်ကားမောင်းနေသူတစ်ဦးကပြောပါတယ်။
“သူတို့ကအလုပ်လုပ်နိုင်တဲ့ အရွယ်ဆိုရင် မှတ်ပုံတင်ယူထားလိုက်တယ် ပြီးရင်ဓာတ်ပုံရိုက်စရာ ရိုက်တယ်၊ နောက်ပြီး ဘာသွားလုပ်မှာလဲလိုမေးတယ်၊ လူတွေကတော့ အလည်ပတ်သွားမယ်လို့ ဖြေကြတာပေါ့၊ အလည်သွားမှာဆိုရင် မှတ်ပုံတင်ပြန်လာမှယူလိုပြောတယ်၊ တကယ်အလုပ်လုပ်မဲ့ သူတွေကျတော့ အကြာကြီးထားခဲ့လိုမရဘူးလေ၊ အာ့တာနဲ့ သုံးနေရာပို့လိုက်တယ် တစ်တွဲထဲ ဓာတ်ပုံရိုက်တဲ့နေရာမှာ တစ်သောင်း ပုံရိုက်ပြီးထွက်လာတာနဲ့ လူတိုင်းကို ငါးထောင်ဆိုပြီးတောင်းတယ် ပြီးရင်လမ်းဆက်လျှောက်သွားရတယ်၊ အဲ့မှာရဲတွေရှိတဲ့နေကိုဖြတ်ပြီးတစ်သောင်း ကျန်းမာရေး ဝန်ထမ်းတွေကိုငါးထောင် ဆိုပြီးပေးရတယ် အားလုံးသုံးသောင်းလောက် ပေးရတယ်” လို့ သူကပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့ကစပြီး မြဝတီ-မဲဆောက်ချစ်ကြည်ရေးအမှတ် ၁ တံတားကိုပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်လက်အောက်ခံဌာနဆိုင်ဆိုင်ရာဝန်ထမ်းတွေက အခုလို မှတ်ပုံတင်သိမ်းကာ ငွေကြေးတောင်းခံတာတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။
အလားတူ တံတားပေါ်ဖြတ်သန်းသွားလာသူတွေထဲက ကိုဗစ်ဆေး ၄ ကြိမ်ပြည့်အောင် မထိုးရသေးတဲ့သူတွေကိုလဲ မြန်မာငွေကျပ် ၃၀၀၀၀ သောင်းကနေ ၅၀၀၀၀ အထိတောင်းခံပြီး ဆေးလက်မှတ်တွေလုပ်ဆောင်ပေးနေတယ်လို့ ဒေသခံတွေပြောစကားအရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ
Phar Si Than (People’s Radio Myanmar)