မင်္ဂလာဒုံမြို့နယ် NLD မြို့နယ်အလုပ်အမှုဆောင်၏ ညီမနဲ့ အသက် ၁၀ နှစ်အရွယ်ကလေး နေအိမ်မှာ သေနတ်ပစ်သတ်ခံရ
မော်လမြိုင်၊ မေ၊ ၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် NLD မြို့နယ်အလုပ်အမှုဆောင်၏ညီမဖြစ်သူနဲ့ အသက် ၁၀ နှစ်တူမဖြစ်သူတို့နှစ်ဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ဓ
ပြီးခဲ့တဲ့ မေလ ၇ ရက် နံနက် ၉ နာရီခန့်က မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ကုန်းတဘောင်ကျေးရွာ မိုးမခလမ်းက နေအိမ် ဈေးဆိုင်မှာ အမည်မသိလူသုံးဦးက သေနတ်နဲ့ ဝင်ပစ်သွားတာဖြစ်ပါတယ်။
“ အိမ်မှာ ဈေးရောင်းနေကြတာပါ၊ အမေနဲ့ သမီး နှစ်ယောက်လုံးက ဆိုင်ထဲမှာ အဲဒါကို ကားနဲ့ လာတဲ့ လူသုံးဦးက အိမ်ထဲကို ဝင်ပစ်သွားတာဗျာ၊ ဘာမှလည်း မဆိုင်ဘူးလေ၊ မိန်းမသားတွေ၊ နောက်ကလေးငယ်ငယ်လေးပဲ ရှိသေးတာ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်ပစ်ခံရမှုကြောင့် အသက် ၃၈ နှစ်အရွယ် ဒေါ်ကြူကြူနိုင်နဲ့ သမီးဖြစ်သူ အသက် ၁၀ နှစ်အရွယ် မချစ်သမီးတို့မှာ ကျည်ဖောက်ထွင်းဒဏ်ရာတွေ ရရှိခဲ့ပြီး နယ်မြေခံလူမူကူညီရေးအသင်းအဖွဲ့တွေက ဆေးရုံပို့ဆောင်ပေးခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးမှုနဲ့ပတ်သက်ပြီး PRM အနေနဲ့ သီးခြားအတည်ပြုပေးနိုင်ခြင်းမရှိပါဘူး။
သေနတ်ပစ်ခတ်ခံရတဲ့သူနှစ်ဦးဟာ မင်္ဂလာဒုံမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ NLD ပါတီမြို့နယ်အလုပ်အမှုဆောင်ဦးဝင်းနိုင်မိုးရဲ့ ညီမဖြစ်သူနဲ့ တူမဖြစ်သူတို့ကြပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်ကလည်း အဖြစ်မှန်ကို သိရှိနိုင်ဖို့ ဆက်သွယ်စုံးစမ်းနေကြတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဓါတ်ပုံ – Crd