တနင်္သာရီမှာ စစ်ကောင်စီတပ်ဖွဲတွေက PDF ဝတ်စုံနဲ့ လမ်းသွားလမ်းလာသူတွေကို စစ်ဆေးနေ
ထားဝယ်၊ မေ၊ ၂
တနင်္သာရီတိုင်းအတွင်းရှိ အဝေးပြေးကားလမ်းမကြီးက လမ်းပိုင်းတချိုမှာ စစ်ကောင်စီတပ်ဖွဲတွေ PDF ယူနီးဖောင်းတွေ၊ အရပ်သားဝတ်စုံတွေ ဝတ်ဆင်ကာ လမ်းသွားလမ်းလာတွေက်ိ စစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တွေထံမှ သိရပါတယ်။
” PDF တွေလား၊ စစ်သားတွေလား မသဲကွဲဘူး၊ အခုက လမ်းတွေမှာ သူတိုစစ်နေကြတာလေ၊ တချိုဆို PDF ယူနီဖောင်းနဲ့ တချိုနေရာကျတော့ အရပ်သားဝတ်စုံပဲ၊ သူတိုအသုံးအဆောင်ပစ္စည်းတွေ တွေ့မှ သတိထားမိတာပါ။” လို တနင်္သာရီမြိုနယ်မှ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ဆေးတဲ့နေရာဟာဆိုရင် ထားဝယ်-ထီးခီလမ်းပိုင်း၊ မြိတ်-ထားဝယ်၊ တနင်္သာရီ-ဘုတ်ပြင်းလမ်းပိုင်းနဲ့ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းနေရာတွေ၊ စစ်ကောင်စီတပ်တွေ နယ်မြေစိုးမိုးထားတဲ့ နေရာတွေကို ရှောင်တခင်စစ်ဆေးတာ၊ ယာယီဂိတ်ချစစ်ဆေးနေတာဖြစ်ပါတယ်။
ဒီလိုစစ်ဆေးတဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ PDF တွေရဲ့ ယူနီဖောင်းတွေနဲ့ အရပ်သားဝတ်စုံတွေနဲ့ စစ်ဆေးနေခြင်း ဖြစ်ပါတယ်။
ဒါဟာ ပြည်သူကာကွယ်ရေးတပ်ဖွဲတွေနဲ့ အရပ်သားတွေကို ထင်ယောင်ထင်မှားဖြစ်အောင်နဲ့ PDF တွေအပေါ် ယုံကြည်မှု ကျဆင်းအောင် စစ်ကောင်စီက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တာဖြစ်တယ်လို တနင်္သာရီတိုင်းမှ PDF တပ်ဖွဲဝင်တစ်ဦးက ဆိုပါတယ်။
” ဒါက သူတိုက ပြည်သူနဲ့ ပြည်သူကနေ ပေါက်ဖွားလာတဲ့ PDF တွေကို အထင်မြင်မှားအောင်လုပ်နေတာပါ။ ပြည်သူတွေ ယုံကြည်မှု မရှိလာအောင် လုပ်နေတာပါ၊ ပြည်သူတွေက သိပါတယ်၊ PDF ဟုတ်၊ မဟုတ်ဆိုတာ၊ ဆက်ဆံပုံက ကွာပါလိမ့်မယ်။” လို ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီတပ်ဖွဲ ဝတ်ဆင်ထားတဲ့ ဝတ်စုံတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲနဲ့ စစ်ကောင်စီတပ်တို နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်ကောင်စီဘက်က သိမ်းဆည်းရထားတဲ့ ဝတ်စုံတွေကို ပြန်လည် အသုံးချကာ ဝတ်ဆင်နေတာ ဖြစ်တယ် လို့ ဆိုပါတယ်။
ဒီလိုမျိုးအရပ်သားဝတ်စုံတွေ PDF ဝတ်စုံတွေ ဝတ်ဆင်ပြီး စစ်ကောင်စီတပ်ဖွဲတွေက စစ်ကြောင်းထိုးဝင်ရောက် တိုက်ခိုက်ရာမှာ လည်း အသုံးပြုမှုတွေရှိနေသလို အဲဒီဝတ်စုံတွေ ဝတ်ဆင်ပြီး ကျေးရွာနေပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်မီးရှို့ ဖျက်ဆီးတာတွေလည်း လုပ်ဆောင်လာတယ်လို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေဘက်က ဆိုပါတယ်။
ဓါတ်ပုံ – Crd (ပုံအဟောင်း)