မေလ ၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ဘားအံမြိုထဲမှာ ပြီးခဲ့တဲ့ဧပြီလလည်ပိုင်းလောက်ကစပြီး ကား၊ဆိုင်ကယ် အဖွဲလိုက်ခိုးယူခံရမှုတွေ အရင်ကထက် ပိုမိုများပြားလာတယ်လို ဘားအံမြိုဒေသခံတွေထံမှ သိရပါတယ်။
ဘားအံမြိုမှာ ပြီးခဲ့တဲ့ ဧပြီလ၁၇ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဥ်းသားတချိုပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်း မြိုတွင်းကကမ်းနားလမ်း၊ ဘားအံဆေးရုံကြီး ၊စားသောက် ဆိုင်တွေနဲ့ မြိုတွင်းရပ်ကွက်တွေမှာနေ့ရော ညပါ ကား၊ဆိုင်ကယ်တွေကိုအဖွဲလိုက်ခိုးယူမှုတွေအရင်ကထပ်များလာတယ်လို ဘားအံမြိုအမှတ် ၄ ရပ်ကွက်အတွင်းအနေထိုင်သူအမျိုးသားတစ်ဦးကပြောပါတယ်။
“အခုလွတ်တာကတော့ အဓိကခိုးမှုပဲ။ခိုးမှုကထောင်ထဲမှာအများဆူံးတစ်နှစ်ကျော်ဘဲနေရတာ ထောင်ဘယ်လော က် ချချ။လွတ်တာနဲ့သူတိုကခိုးနေတာ။ခိုးရင်လဲအုပ်စုလိုက် အဖွဲလိုက်။
ဘားအံမှာဆိုင် တွေ ဆေးရုံတွေကမ်းနား ဘက် အောင်နန်း အမှတ်၄ အမှတ်၂ဘက် ပိုပျောက်တာများတယ်။ကမ်း နားလမ်း Food villaမှာအပျောက်အများဆုံးယအရင်ကအဲ့လောက်မဟုတ်ဘူး။တစ်ခါပျောက်ရင်၂စီးတစ်ရက်ထဲကိုမနက် နေ့လည် ကပိုများတယ်။လူရှုပ်တော့။အပ်တဲ့နေရာမရှိရင် ဆိုင်ကယ်မချန်ထားရဲဘူး။အိမ်ထဲမှာတောင်ခြံစည်းရိုး ဖျက်ပြီးခိုးတာ၊တစ်အိမ်ထဲမှာပဲ တစ်ညထဲ၂စီးပျောက်တာတွေရှိတယ်”လိုသူကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်မှ ဘားအံမြိုတွင်းည၁၀နါရီကနေ မနက်၄အထိ ညမထွက်ရအမိန့် (မာရှယ်လော)ထုတ်ထားပြီးနောက် စစ်ဆေးရေးတင်ကြပ်နေပေမဲ့လည်း မြိုတွင်းရပ်ကွက်တွေမှာ ညတိုင်းနီးပါး ကားပျောက်ဆုံးတာ တွေရှိနေတယ် လိုအမှတ်၂ ရပ်ကွက်နေကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးကပြောပါတယ်။
“ရပ်ကွက်ထဲကကားတွေကလဲ ပုံမှန် ခြံအပြင်ဘက်မှာပဲထားကြတာ။ ကျွန်တော်လဲအဲ့ဒီညက ကားကိုအမြဲထားနေကျ အိမ်ရှေ့မှာပဲရပ်ထားပေါ့မိုးလင်းတော့ မရှိတော့ဘူး။ကားတွေကပျောက်နေတာညတိုင်းပဲရက် တောင်မခြားဘူး တခြားရပ်ကွက်တွေပါပျောက်တယ်လို”သူကပြောပါတယ်။
အခုလို ကား၊ဆိုင်ကယ်တွေပျောက်ဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်လက်အောက်ခံရဲတပ်ဖွဲဝင်တွေကို တိုင်းကြားတာတွေလုပ်ဆောင်ခဲ့ပေမဲ့တာဝန်ယူဖြေရှင်းပေးတာမျိုးမရှိဘူးလိုဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲဝင်တွေဟာ ဘားအံမြိုနယ်ထဲမှာ ကား၊ဆိုင်ကယ်စစ်ဆေးဖမ်းဆီးတာ၊ လုံခြုံရေးတင်းကြပ်တာတွေပြုလုပ်နေပေမဲ့လည်း နေ့တိုင်းနီးပါ ကား၊ဆိုင်ကယ်တွေပျောက်ဆုံးနေတဲ့အပြင် ချစ်သူလမ်းကြားကန်ပတ်လမ်းနဲ့ မြိုထဲနေရာတချိုမှာတော့ ဓားထောက်လုပ်ယက်တာတွေအထိပါရှိလာနေတယ် ဘားအံဒေသခံတွေပြောစကားအရသိရပါတယ်။
သတင်း – နော်ဖူးဖူး
ပုံ – CCTV
Pharsi Than (People’s radio myanmar)