မင်္ဂလာတောင်ညွန့်က တိုက်ခန်းတစ်ခုမှာ မိသားစုဝင်လေးဦး ချွေးထွက်လွန်ပြီး သတိလစ်
မော်လမြိုင်၊ ဧပြီ၊ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်က တိုက်ခန်းတစ်ခုမှာ ဒီကနေ့ နံနက်အစောပိုင်းက မိသားစုဝင်လေးဦး ချွေးထွက်လူပြီး မူးမေ့သွားတာကြောင့် ဆေးရုံတင်လိုက်ရတယ်လို့ မြို့ခံတွေထံမှ သိရပါတယ်။
မီးပြတ်နေချိန်မှာ အလွန်ပူပြင်းတဲ့ ရာသီဥတုဒဏ်ကြောင့် နေအိမ်တိုက်ခန်းအတွင်း ရှိနေချိန်မှာ ချွေးထွက်လွန်ပြီး သတိလစ်သလို ဖြစ်သွားတာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“ အရမ်းပူတော့ သိတယ်ဟုတ်လား၊ ဒီကာလမှာလေ ချွေးတွေ အရမ်းထွက်ပြီး မူးလာတယ်၊ ပြီးတော့ လူက သတိလစ်သလို ဖြစ်သွားတာပါ။” လို့ ပြောပါတယ်။
မူးမေ့သတိလစ်တဲ့သူတွေဟာ အသက် ၆၀ ကျော်အရွယ်အမျိုးသားတစ်ဦး၊ အသက် ၄၀ နဲ့ အသက် ၃၀ အရွယ် အမျိုးသမီးနှစ်ဦး၊ အသက် ၇ နှစ်အရွယ်ကလေးတစ်ဦးတို့ဖြစ်ကြပြီး သူတို့ကိုတော့ နယ်မြေခံလူမူကူညီရေးအဖွဲ့တွေက ရှေးဦးသူနာပြုနည်းလမ်းနဲ့ ပြုစုပေးပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။
အဲဒီထဲက တချို့ကဆိုရင် ပြန်လည်သက်သာလာတာကြောင့် နေအိမ်ကို ပြန်ရောက်နေကြသလို တချို့ကတော့ ဆေးကုသမှုခံယူနေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် ဒီကနေ့ နံနက်ပိုင်းကလည်း တာချီလိတ်မြို့၊ ဆန်ဆိုင်း-ဝမ်မိုင်ရပ်ကွက်မှာ အသက် ၂၇ နှစ်အရွယ်အမျိုးသားတစ်ဦး တညလုံးပန်ကာဖွင့်ပြီး အိပ်နေရာမှ ဦးနှောက်သွေးကြောပျက်ပြီး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဓါတ်ပုံ – လောကဟိတာဝဟလူမှုကူညီရေးအဖွဲ့