ဧပြီ ၂၄ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကောင်စီဟာ မတ် ၉ ရက်က စတင်ပြီး ဒီးမော့ဆို အရှေ့ဘက်ခြမ်းကို စစ်ကောင်စီ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်လာခဲ့ပါတယ်။ အဲဒီရက်က စတင်ပြီး ကရင်နီပူးပေါင်းတပ်ဖွဲများနဲ့ စစ်ကောင်စီတိုကြား တိုက်ပွဲဖြစ်ပွားနေတာ ယနေ့အထိ ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဟာ ဒီးမော့ဆီုမြိုနယ် အရှေ့ဘက်ခြမ်းကို အကြိမ် ၃၀ ထက်မနည်း လေကြောင်းကနေ ဗုံးကြဲ၊ပစ်ခတ်ခဲ့ပါတယ်။
မတ် ၂၄ ရက်မှာ ဒေါတမကြီးကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၁ စီး၊ တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီးနဲ့ လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီရက်က ဒေါတမကြီး တိုက်နယ်ဆေးရုံအတွင်း ဗုံး ၂ လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဒေါတမကြီးရွာရှိ ဒေသခံနဲ့ စစ်ရှောင်များဟာ စစ်ကောင်စီဝင်ရောက်လာတဲ့ မတ် ၉ ရက်တည်းက နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြတာမို လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှု မရှိခဲ့ပါ။ ဆေးရုံရဲ့ ပင်မဆောင် နဲ့ နားနေဆောင် လုံးဝပျက်စီးသွားခဲ့ပါတယ်။
“ဒီဆေးရုံက အာဏာသိမ်းပြီးတော့ CDM လုပ်လိုက်တာ။ အဲဒါပြီး ၂၀၂၂ ထဲမှာ ဆေးကျောင်းက CDM အဖွဲက ဆေးရုံကို ဆက်လည်ပတ်ပေးတယ်။ ဒါပေမဲ့ လက်နက်ကြီးတွေ ခဏခဏ ကျလို နေရာပြောင်းလိုက်ကြတာ။ မတ် ၂၄ ရက်ကတော့ ဆေးရုံကို စစ်ကောင်စီက ဗုံးကြဲပြီး နောက်ရက်မှာလည်း ဒေါတမကြီးရွာထဲ မီးရှိတဲ့ဖြစ်ရပ်တွေ ရှိခဲ့တယ်” လို ကရင်နီလူ့အခွင့်အရေးအဖွဲ အမှုတောင် ဒါရိုက်တာ ဦးဗညားက Karenni’s Voice ကို ပြောပြပါတယ်။
ဒေါတမကြီး၊ ဒေါညေးခူနဲ့ တနီးလာလဲ ကျေးရွာတွေမှာ ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဧပြီပထမပတ်အတွင်း စစ်ကောင်စီက ခလရ ၈၀ မှ အင်အား ၇၀ ခန့် ထပ်တိုးထားခဲ့တယ်လို ကရင်နီစစ်ဘက်ဆိုင်ရာဗဟိုသတင်းပြန်ကြားရေးတာဝန်ရှိသူက ပြောပြပါတယ်။
▪️Karenni’s Voice(People’s Radio Myanmar)
Photo – Karenni’s Voice