ဧပြီ ၂၂ ရက် ၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်မှာ ညမထွက်ရအမိန့်(မာရှယ်လော)ကို စစ်ကောင်စီတပ်ဖွဲ့တွေက ထုတ်ပြန်ထားပြီးနောက် အနီးအနားကျေးရွာတွေမှာ လောင်းကစားဝိုင်းတွေ ပိုမိုများပြားလာတယ်လို့ ဘားအံမြို့ဒေသခံတွေထံမှသိရပါတယ်။
ဘားအံမြို့ပေါ်မှာ ည ၁၀နါရီကနေ မနက် ၄အထိ ညမထွက်ရအမိန့် (မာရှယ်လော) ကို စစ်ကောင်စီက ထုန်ပြန်ထားပေမဲ့ လည်း ဘားအံမြို့အနီးကေကျးရွာေတွဖြစ်တဲ့ လှိုင်းဘွဲ ၊ထီလုံရွာ မွေးမြူရေးဇုန်၊ ရသေ့ပျံအနီးတဝိုက်၊ဇွဲကပင်တောင်ခြေ၊ ကျောက်ကလပ်အနီးတဝိုက်၊ရေတံခွန် အနီးအနားကကျေးရွာတွေဘက်မှာေတာ့ လောင်းကစားဝိုင်းတွေ ပိုမိုကျင်းပလာတယ်လို့ အမည်မဖော်လိုသူ ဒေသခံတစ်ဦးကပြောပါတယ်။
“မာရှယ်လောထုတ်ထားလဲအဲ့ပွဲကလူတွေကို ည၁၀နါရီကျော်လို့ အပြင်ရောက်နေတယ်ဆိုပြီးလာတော့မဖမ်းဘူး။အခုက ပွဲမဟုတ်လဲ တချို့ရွာတွေဘက်မှာေမြပိုင် ရှင်တွေနဲ့ညှိပြီး လုပ်နေကြတာ၊ပွဲရှိရှိ မရှိရှိ တောင်ခြေဘက်မှာ အမြဲလုပ်နေကြတာလေ ၊ တခါတလေလဲပွဲကရှိတယ်။ ပွဲမဝင်ခင်အာဝါဒေးပွဲတွေက တစ်လလောက်ကြိုပြီးတော့ ရောက်နေတာ။ပွဲကသုံးရက်လောက်လုပ်ရင်အာဝါဒေးကတစ်လလောက်လုပ်တယ်။ဒီမှာက ဘယ်အဖွဲ့ကနေပြီးဦးဆောင်လုပ်တယ်စိုတာမရှိဘူး အဲ့မှာ ပွဲကန်ထရိုက်ဆိုတာရှိတယ် သူကဆိုင်ရာပိုင်ရာတွေနဲ့ညှိပြီး လုပ်ကြတာ”လို့သူကပြောပါတယ်။
အဆိုပါကျေးရွာတွေမှာ အရင်က အနီထောင်၊အန်ဂလုံနဲ့ ဖဲ လောင်းကစားတွေသာရှိပြီး အခုနောက်ပိုင်းမှာတော့ ငါးပစ်ဂိမ်းနဲ့ ကလေးတွေအတွက် အန်ဂလုံဝိုင်းအသေးစားတွေပါထည့်သွင်းကစားလာကြတဲ့အပြင် ကရင်နယ်ခြားစောင့်တပ် (BGF)တပ်ဖွဲ့တွေက လုံခြုံရေးယူထားပေးရတယ်လို့လည်း သူကဆက်ပြောပါတယ်။
။ဒီမှာက ဘယ်အဖွဲ့ကနေပြီးဦးဆောင်လုပ်တယ်စိုတာမရှိဘူး အဲ့မှာ ပွဲကန်ထရိုက်ဆိုတာရှိတယ် သူကဆိုင်ရာပိုင်ရာတွေနဲ့ညှိပြီး လုပ်ကြတာပွဲမှာBgfနဲ့တခြားအဖွဲ့တွေပေါ့သူတို့ကစောင့်ကြတာ။တစ်ဝိုင်းကို တစ်ည ၄၆၀၀၀သူ
တို့အဖွဲ့တွေကိုပေးရတယ်ဘယ်လောက်မြတ်မြတ်ရှုံးရှုံး ။အဲ့တာလုံခြုံရေးအပြည့်ယူပေးတယ်သူတို့က တစ်ခုခုဖြစ်ရင် သူတို့တာဝန်ယူမယ်ပေါ့
”လို့သူကပြောပါတယ်။
မကြာခင်မှာ မိုးရာသီကျရောက်လာတော့မှာဖြစ်တာကြောင့် ကျေးရွာတချို့မှာရှိတဲ့ လောင်းကစားလုပ်ငန်းေတွဖျက်သိမ်းလိုက်ေပမဲ့လည်း ကျောက်ကလပ်အနိီး ဇွဲကပင်တောင်ခြေနဲ့ ရသေ့ပျံ အနိီးအနားမှာတော့ အမိုးအကားတွေနဲ့ပြုလုပ်ပြီးဆက်လက်ဖွင့်လှစ်ထားတယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြဝတီမြို့မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် စစ်ကောင်စီတပ်ဖွဲ့တွေက ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားပေမဲ့လည်း ကရင်နယ်ခြားစောင့်တပ်BGF၊KNUနဲ့ KNLA(PC)အဖွဲ့ ၃ ဖွဲ့က ဦးဆောင်ပြီးတော့ မြဝတီမြို့ထဲမှာ အာဝါဒေးပွဲတွေနဲ့ပျော်ပွဲရွှင်ပွဲတွေဆက်လက်ကျင်းပနေတာလဲ ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – Cj