ဧပြီလ ၂၁ ရက်၊ ၂၀၂၃ ခုနှစ်
တနင်္သါရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်က ဥသြစစ်ကြောင်း လမ်းပိုင်းလုံခြုံရေး တာဝန်ယူထမ်းဆောင်နေတဲ့ ထားဝယ်-ထီးခီးလမ်းပိုင်းကို ကင်းထောက်ဖို့ရောက်ရှိလာတဲ့ နယ်ထိန်းမိသားစုဝင်နဲ့ ပျူစောထီးစီးနင်းလာတဲ့ကား ပစ်ခတ်ခံခဲ့ရလို့ ကားပေါ်ပါလာတဲ့ ၄ ဦးထဲမှာ ၃ ဦးသေဆုံးပြီး ၁ ဦးထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဥသြစစ်ကြောင်းက ဧပြီလ ၂၁ ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။
ဧပြီလ ၁၉ ရက်နေ့ မနက် ၈ နာရီဝန်းကျင်အချိန်မှာ ထားဝယ်-ထီးခီးလမ်းပိုင်းမှာရှိတဲ့ ပကာရီရဲကင်းစခန်းကနေ ကျောက်မဲတောင်ရဲစခန်းဘက်နယ်မြေကိုထောက်လှမ်းဖို့ရောက်ရှိလာတဲ့ နယ်ထိန်းမိသားစုဝင်နဲ့ ပျူစောထီးစီးနင်းလာတဲ့ကားကို စစ်ဆေးမေးမြန်းဖို့ရပ်တန့်ခိုင်းပေမဲ့ ယာဥ်မောင်းမှာ မရပ်ပဲ ကားမောင်းပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့လို့ နယ်ထိန်း ရဲ့မိခင်၊ သမီးဖြစ်သူနဲ့အတူ ပျူစောထီးတစ်ဦးသေဆုံးခဲ့ပြီး ယာဥ်မောင်း ပျူစောထီးမှာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ ဥဩစစ်ကြောင်း ပြန်ကြားရေးတာ၀န်ရှိသူတစ်ဦးကပြောပါတယ်။
“ကျွန်တော်တို့က အေးဆေးဘဲ့ တားလိုက်တာပါ ကားကို လမ်းဘေးရပ်ခိုင်းတာပေါ့ အဲဒီအချိန် ကားကိုလမ်ဘေး ရပ်သလိုလုပ်ပြီးအရှိန်တင်ပြီးမောင်းပြေးတာ တားဆီးတာနဲ့ပစ်ခတ်တာမျိုးတော့မရှိပါဘူး သူတို့ကမိသားစုပုံစံဟန်ဆောင်ပြီး ထောက်လှန်းတဲ့သဘောမျိုးဆိုတော့လေ။ ကလေးမလေးလောင်းကိုတော့ Ambulance ကားနဲ့ ကျောက်မဲ့တောင်ကိုပို့ပေးလိုက်တယ် ကျန်တဲ့အလောင်းတွေကိုတော့မီးသင်္ဂြိုလ်ပေးလိုက်တယ်၊ နယ်ထိန်းရဲ့အမေကိုဒဏ်ရာရထားတော့ဆေးကုပေးသေးတယ်၊ ကုနေရင်းသွေးထွက်လွန်ပြီးသေသွားတာ”လို့ သူကပြောပါတယ်။
သေဆုံးသူတွေမှာ အသက်(၆၀)အရွယ် ဒေါ်ခင်ပြုံးမြင့် နယ်ထိန်း သက်ဇော်ထွန်းရဲ့အမေ၊ သမီးဖြစ်သူ မသဲစုရွှေစင် အသက် (၁၅) နှစ်ခန်အရွယ်နဲ့ ဦးချစ်ကို အသက် ၃၅ နှစ်ခန့် ဟိန္ဒားပျူစောထီးအဖွဲ့ဝင်တို့ဖြစ်ပြီး ကားမောင်းလာသူ အသက် ၃၅ နှစ်အရွယ်ခန့်တောင်သုံးလုံးပျူစောထီးအဖွဲ့ဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူမှာ ပစ်ခတ်မှုအတွင်း ကားကိုကာဗာယူပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်။
ဧပြီလ၂၀ ရက်နေ့ မနက် ၉ နာရီဝန်းကျင်အချိန်မှာတော့ ပျူစောထီးအဖွဲ့ဝင်ကိုထွန်းမောင်ကိုပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ စစ်ဆေးမှုပြုလုပ်ဖို့ ခေါ်ဆောင်လာကာ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။
အခုအချိန်မှာလဲ ပကာရီကင်းစခန်းကို စစ်ကောင်စီတပ်သားအင်အားဖြည့်တင်းမှုတွေပြုလုပ်နေပြီး ပြည်သူတွေအနေနဲ့လဲ သတိနဲ့နေထိုင်ပေးကြဖို့ ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ