ဧပြီ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်ပြည်နယ်၊ မြဝတီမြို့ပြင်အနီးအပါးက ကျေးရွာတွေဘက်မှာ တိုက်ပွဲ ဆက်လက် နေတာကြောင့် မြဝတီအနီးအနား ကျေးရွာ ၃ ရွာက စစ်ဘေးရှောင် ၃၀၀၀ ကျော် မြဝတီမြို့တွင်း ယာယီစစ်ဘေးရှောင် စခန်းတွေမှာနေကြရပြီး အဲ့ဒီနေရာတွေမှာ စစ်ဘေးရှောင်တွေအတွက် စားဝတ်နေရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ လကုန်ပိုင်းကစပြီး မြဝတီမြို့အပြင်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်နဲ့ KNLA ပူးပါင်းတပ်ဖွဲ့ကြား တိုက်ပွဲတွေပြင်ထန်စွာဖြစ်ပွားခဲ့တာ မဲကနယ်ကျေးရွာ၊ ဖားချောင်းကျေးရွာနဲ့ သင်္ဃန်းညီနောင်ကျေးရွာက စစ်ဘေးရှောင်တွေဟာ မြဝတီမြို့တွင်းက ဘုန်းကြီးကျောင်း ၄ ကျောင်း မဲကနယ်ဘုန်းကြီးကျောင်းနဲ့ ဖားချောင်းကျေးရွာက ဘုန်းကြီကျောင်းမှာ ယာယီစစ်ရှောင်နေပြီး အဲ့ဒီနေရာတွေမှာ အခြေခံစားသောက်ကုန်နဲ့ ဆေးဝါးတွေအပြင် သောက်ရေ၊ အဝတ်အထည်နဲ့ နေရာထိုင်ခင်းတွေလည်း လိုအပ်လာတယ်လို့ ဒေသအရပ်ဖက် စစ်ရှောင်ကူညီပေးနေသူ တစ်ဦးကပြာပါတယ်။
“အခုကစစ်ရှောင်တွေကတဖြည်းဖြည်းတိုးလာတော့ ပိုခက်ခဲလာတယ်။ အခုကဆန်၊ ဆီ ၊ရိက္ခာခြောက်၊ သောက်ရေ၊ အဝတ်အထည်တွေနဲ့ ဆေးတွေလိုအပ်နေတယ်။ အခုဆိုအရင်လို ထမင်းကိုလည်း သူတို့လိုသလောက် မကျွေးနိုင်တော့ဘူး။စ ကေးနဲ့ကျွေးနေရပြီးလေ”လို့ သူကပြောပါတယ်။
လက်ရှိအချိန်မှာလဲ စစ်ရှောင်ရတာ ၁၀ ရက်နီးပါးကြာမြင့်လာတာမှာ တပိုင်တနိုင် အလှူရှင်တွေလည်း နည်းပါးလာပြီး စစ်ရှောင်တွေကို ထမင်း၊ ဟင်းကျွေးမွေးတဲ့အခါမှာ အရင်လို လုံလုံလောက်လောက် မကျွေးမွေးနိုင်တော့ဘဲ လူတစ်ယောက်ကို အတိုင်းအတာအကန့်သတ် နဲ့ ကျွေးမွေးနေရတယ်လို့ သိရပါတယ်။
ယာယီစစ်စစ်ရှောင်စခန်းမှာ သက်ကြီးရွယ်အို အဘိုးအဘွား အသက် ၈၀ ကျော်ကနေ မွေးဖွားပြီးစ ရက်သားအရွယ် အထိကလေးသူငယ်များပါဝင်နေပြီး စစ်ကောင်စီတပ်က စစ်ရေးအရှိန်မြှင့် တိုက်ခိုက်မှုတွေကြောင့် နှစ်ရက်တာအတွင်း မဲကနယ်ဘုန်းကြီးကျောင်းနဲ့ ဖားချောင်းကျေးရွာက ဘုန်းကြကျောင်းတွေဘက်မှာ စစ်ရှောင်ဦးရေ ၄၀၀ နီးပါးထပ်မံတိုးလာတယ်လို့သိရပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – CJ