ဧပြီလ ၃ ရက်၊ ၂၀၂၃ ခုနှစ်
ကရင်နီ (ကယားပြည်နယ်)၊ ဒီမော့ဆိုကစစ်ရှောင်စခန်းကို ဧပြီလ ၃ ရက်နေ့ မနက်မှာ S&C စစ်ဘေးမီးဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန်၊ ဆီနဲ့ ဆားတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ S&C စစ်ဘေးမီးဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
စစ်ရှောင်ဦးရေ ၉၀ ဝန်းကျင်ရှိတဲ့ စစ်ရှောင်စခန်းအတွက် တစ်အိမ်ထောင်ကို ဆန် ၄ပြည်၊ ဆီ ၁ ဗူးနဲ့ ဆား ၁ ထုပ်စီကို စုစုပေါင်း အိမ်ထောင်စု ၃၀ စု အတွက် လှူဒါန်းပေးနိုင်ခဲ့တယ်လို့ S&C စစ်ဘေးမီးဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“ကျွန်တော်တို့ S&C အဖွဲ့သားတချို့ ကရင်နီဘက်လွတ်ထားပါတယ်၊ ကရင်နီဘက်ကိုတော့ ဒါက ပထမဦးဆုံးအကြိမ်လှူဒါန်းတာ၊ လူဦးရေက ၉၀ အိမ်စုကတော့ ၃၀ ရှိတယ်။ ဆန်ဆီဆားတွေကိုကျတော့ အိမ်ထောင်စုတွေ အတွက်လှူတာ”လို့ သူကပြောပါတယ်။
ကရင်နီ(ကယားပြည်နယ်)ကို လှူဒါန်းတာပထမဦးဆုံအကြိမ်ဖြစ်ပြီး ဒီမော့ဆိုဘက်က စစ်ရှောင်ကျောင်းတွေနဲ့ CDMဆရာ၊ ဆရာမတွေအတွက် အကူညီပေးမှုတွေလိုအပ်နေတယ်လို့ ဆိုပါတယ်။
S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ ယခုချိန်ထိ မြို့နယ် ၄ မြို့နယ် ကျေးရွာ ၁၈ ရွာ အိမ်ထောင်စု စုစုပေါင်း ၃၅၀ စုအတွက် ဆန်၊ ဆီ၊ ဆား တွေ ပေးအပ်လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့