
ဧပြီလ ၃ ရက်၊၂၀၂၃ ခုနှစ်
သက်န်းညီနောင်မှ မြဝတီကိုပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကော်ဘရာစစ်ကြောင်းက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကော်ဘရာက သတင်းထုတ်ပြန်ထားပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့ကိုပြန်လာတဲ့ စစ်ကောင်စီတပ်အင်အား ၄၀ ခန့်ပါလာတဲ့ ဖောကားတစ်စီးကို (COBRA)ကော်ဘရာစစ်ကြောင်းက တိုက်ခိုက်ခဲ့ပြီး နှစ်ဖက်အပြန်အလှန် နာရီဝက်ခန့်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေ များပြားနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်း အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး ကော်ဘရာစစ်ကြောင်းတပ်ဘက်က ထိခိုက်မှုမရှိခဲ့ပဲ ပစ်ခတ်မှုအပြီးမှာ အနီးအနားက သက်န်းညီနောင်ရဲစခန်းနဲ့လည်း ပစ်ခတ်မှုဖြစ်ပွားခဲ့သေးတယ်လို့ ထုတ်ပြန်ထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့မှာလည်း တပ်မဟာ ၆ နယ်မြေ ကော်ဘရာစစ်ကြောင်း ကျားသစ်နက်စစ်ကြောင်း Federal Wings Golden Eagle ရောင်နီ ပူးပေါင်းအဖွဲ့တွေက မြဝတီမြို့ ကုန်သွယ်ရေးဇုန်နဲ့ သက်န်းညီနောင်ရဲစခန်းကို တိုက်ခိုက်ခဲ့သေးတယ်လို့ ကော်ဘရာက ထုတ်ပြန်ထားပါတယ်။
သတင်း – Saw John
ဓာတ်ပုံ – ကော်ဘရာ