မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့မှာ မတ်လ ၃၀ ရက်နေ့ မနက် ၁၁ နာရီ၊ မိနစ် ၃၀ အချိန်လောက်မှာ ကနီမြို့ကနေ ကင်းစောင့်ဖိုထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ရဲတို့ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ကနီမြို့အပြင်ဘက် ကြို့ပင်သာရပ်ကွက် ၃ ကို ကင်းစောင့်ဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၃၀ ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြိုတင်သတင်းရရှိထားတာကြောင့် သွားရောက် တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ခိုက်ချိန် ၄၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး စစ်ကောင်စီတပ်ဘက်မှ ၂ ဦး သေဆုံးကာ ၂ ဦး ပြင်ထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ကနီမြို့ပေါ်က စစ်ကောင်စီတပ်နဲ့ ရဲအင်အား ၅၀ တပ်ကူရောက်လာတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
“စခနဲ့ရဲ ကင်းပုန်းစောင့်မယ်ဆိုတာ ကြိုတင်သတင်းရလို့ စောင့်ကြိုတိုက်ခိုက်ခဲ့တာ၊ ကနီမြို့ပေါ်မှာလဲ ထောက်ပို့တပ်ရင်းပေါင်းစုံနေတာပဲ သူတို့က အတန်းလိုက်ထွက်လာတာကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်” လို့ သူကပြောပါတယ်။
အခုလိုတိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာ၊ KLG PDF ကျောက်လုံးကြီးခရိုင်တပ်ရင်း – ၂ ၊DRPAအဖွဲ့နဲ့ နယ်မြေခံပကဖတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကာ အထိအခိုက်အမရှိဘဲ ပြန်လည်ဆုတ်ခွာလာ နိုင်ခဲ့ပါတယ်။ စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရှိသူ ၂ ဦး ကိုလည်း ကနီမြို့ပေါ် ဆေးရုံမှာ အရေးပေါ်ဆေးကုမှု လုပ်ဆောင်ပေးနေတယ် နယ်မြေခံသတင်းအရင်မြစ်တစ်ဦးက ပြောပါတယ်။
ဒါ့အပြင် အဲ့ဒီနေ့မနက်အစောပိုင်းမှာလည်း ယင်းမာပင်မြို့ ဘန့်ဘွေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို ကျောက်လုံးကြီး KLG တပ်မဟာနဲ့အတူ ပြည်သူကာကွယ်ရေး တပ်တွေသွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
သတင်း – နော်ဖူးဖူး
ဓါတ်ပုံ – ကျောက်လုံးကြီး KLG တပ်မဟာ