မတ်လ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မတ်လ (၂၈) ရက်နေ့က စတင်ကာ စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် ကျေးရွာ (၁၅) ရွာခန့်မှ ဒေသခံပြည်သူသောင်းချီ စစ်ဘေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာတွေ အဓိကလိုအပ်နေတယ်လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးအဖွဲ့ထံမှသိရပါတယ်။
အင်အား (၁၀၀) ကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မုံရွာ(နမခ)ကနေ ဘုတလင်ဘက်ကို ကားတွေနဲ့ အင်အားဖြည့်ပြီး ဘုတလင်နယ်ထဲကနေ ဒီပဲယင်းမြို့နယ် စိုင်ပြင်ဘက်ကို ထွက်လာတဲ့စစ်ကြောင်းလည်း ဖြစ်တယ်လို့သိရပါတယ်။
အဆိုပါစစ်ကြောင်းကြောင့် စစ်ဘေးရှောင်နေရတာ (၄) ရက်မြောက်ရှိပြီ ဖြစ်ကာ စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီ ၊ ကြက်သွန်၊ ကုန်စိမ်း ၊ အသီးအရွက်ကအစ ရိက္ခာအစုံအရေးပေါ် လိုအပ် နေတာလည်းဖြစ်ပါတယ်။
“ဒီပဲယင်း နဲ့ ရေဦးဘက်ကို စစ်ကြောင်းတွေငြိမ်နေတာ ၂ လနီးပါးပဲရှိသေးတယ် ။ အခုစစ်ကြောင်းပြန်ထိုးနေတော့ ရွာစုံကလူတွေ အကုန်ပြေးနေရတာ ။ တချို့ဆိုရင် လွတ်မယ်ထင်တဲ့နေရာတွေ ၊ တောထဲတွေ နဲ့ ဘုန်းကြီးကျောင်း တွေမှာ တကွဲတပြားပဲဗျ။ ကလေး ၊ လူကြီး ၊ ကိုယ်၀န်ဆောင်သည်မိခင် အရေအတွက် ကို မခန့်မှန်းနိုင်သေးဘူးဗျ။ စစ်ဘေးရှောင်တွေ ရှောင်တိမ်းတဲ့နေရာအထိကို ဒီပဲယင်းနယ်ခံ ၊ ပကဖ၊ ပအဖ အဖွဲ့အစည်းတွေ ကွင်းဆင်းကူညီ နေသလို ရေဦး ၊ ခင်ဦးဘက်က အဖွဲ့တွေလဲ ဝိုင်းကူပေးနေပေမယ့် လူဦးရေအရမ်းများလာတဲ့အတွက် မနိုင်ဘူးဖြစ် နေသလို ခုချိန်ထိလည်း ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေ မဆက်သွယ်လာကြသေးဘူးဗျ” လို့ ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေးမှ တာ၀န်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေရတာက အိမ်ထောင်စုတစုထဲ ထွက်ပြေးတိမ်းရှောင်နေရတာမဟုတ်တဲ့အတွက် တစ်လုံးထဲစုပြီး ကျွေးမွေးဖို့က အဆင်မပြေသလို တချို့စစ်ရှောင်တွေရှိတဲ့ဘက်မှ တာဝန်ရှိသူတွေက ချိတ်ဆက်မှသာ ရိက္ခာပိုနိုင်တဲ့အခြေအနေလည်းဖြစ်ပါတယ်။ စားနပ်ရိက္ခာရောက်တဲ့နေရာရောက်ပြီး မရောက်ပဲ ကျန်နေသေးတဲ့နေရာတွေလည်း အများကြီးရှိနေပါတယ်။ စစ်ဘေးရှောင်တွေအနေနဲ့ ချက်ပြုတ်စားနေတဲ့အချိန် စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးနဲ့ထုတဲ့အခါ ထွက်ပြေးရတယ်လို အထက်ပါတာဝန်ခံက ဆက်ပြောပါတယ်။
ရေဦးမြို့နယ်စစ်ရှောင်ပြည်သူထောက်ပံ့ရေးအဖွဲအနေနဲ့ ပြည်သူတွေအတွက်ကို အဓိကထား ကာကွယ်ပေးနေပြီး လွတ်မယ်လို့ယူဆရတဲ့နေရာတွေမှာ ၅ မိုင်အကွာ ရှောင်ခိုင်းထားသလို စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတာကြောင့် ၀ိုင်းဝန်းကူညီ ထောက်ပံ့ပေးဖို့ကိုလည်း မေတ္တာရပ်ခံ တောင်းဆိုထားပါတယ်။
အခုလက်ရှိမှာလည်း အဆိုပါစစ်ကောင်စီတပ်စစ်ကြောင်းက မတ်လ (၃၀) ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ မကျည်းစောက်ကျေးရွာကို ည(၁၀) နာရီလောက်အထိ မီးဝင်ရှို့ခဲ့ပြီး မတ်လ (၃၁) ရက်နေ့ ဒီကနေ့မနက်မှာ မကျည်းစောက်ကျေးရွာဘက်နေ ကြည်ရွာဘက်ကို ဦးတည်နေတယ်လို့ လည်း သိရပါတယ်။
သတင်း – မေမီမင်းညို
ဓါတ်ပုံ – ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး
ဆက်သွယ်လှူဒါန်းနိုင်ရန် −
https://www.facebook.com/DepayinTownshipBrothers.Official/?mibextid=ZbWKwL
(https://www.facebook.com/DepayinTownshipBrothers.Official/?mibextid=ZbWKwL)
https://www.facebook.com/profile.php?id=100089378107176&mibextid=LQQJ4d
Facebook (https://www.facebook.com/DepayinTownshipBrothers.Official/?mibextid=ZbWKwL)
ဒီပဲယင်းမြိုနယ်ညီနောင်များ
ဒီပဲယင်းမြိုနယ်ညီနောင်များ, Tabayin, Sagaing, Myanmar. 12,338 likes · 3,014 talking about this · 1 was here. The Depayin Township Brotherhood is a legal entity under the auspices of the National…